မိုင်းဆတ်တွင် ကျပ်သိန်း ၃၂၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

မိုင်းဆတ်တွင် ကျပ်သိန်း ၃၂၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် မေလ ၃၀ ရက်၊ နံနက်ပိုင်းက ကျပ်သိန်း ၃၀၀၀၀ တန်ဖိုးရှိ မူးယစ် ဆေးဝါးများအား တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အဆိုပါမော်တော်ယာဉ် အပါအဝင် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၃၂၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.


.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်က မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းတွမ်းကားလမ်း၊ ကျူးလုကျေးရွာနှင့် ပါဘောကျေးရွာအကြားတွင် မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် များအား ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် မိုင်းဆတ်ဘက်မှ မိုင်းတွမ်းဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင် လာသော မော်တော်ဆိုင်ကယ်တစ်စီးသည် စစ်ဆေးသည့် နေရာမရောက်မီ ဆိုင်ကယ်အား လှဲချ၍ ကားလမ်းယာဘက် လျှိုအတွင်းသို့ ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေရာ ယင်းအမျိုးသားအား မတွေ့ရှိရဘဲ ဆိုင်ကယ်အား ဆက်လက် စစ်ဆေးရှာဖွေရာ ဂွကြားအတွင်း ဆာလာအိတ်ဖြင့် ထည့်ထားသည့် Y1 တံဆိပ်ပါ ဖယောင်းစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါနီညိုရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြားစီပါ ၁၀၀ ထုတ်၊ စုစုပေါင်းဆေးပြား ၂၀၀၀၀၀ ပြား၊ စုစုပေါင်း အလေးချိန် ၂၀ ကီလိုဂရမ်ခန့်၊ ဒေသပေါက်ဈေး ကျပ်သိန်း ၂၀၀၀ အားတွေ့ရှိသဖြင့်ရှာဖွေပုံဖြင့် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အလားတူ အဆိုပါစစ်ဆေးရေးဂိတ်တွင် ယင်းနေ့ နံနက် ၁၁ နာရီမိနစ် ၄၀ အချိန်ခန့်တွင် မိုင်းဆတ်ဘက်မှ မိုင်းတွမ်း ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ရှာဖွေရေးအဖွဲ့ထံမရောက်မီ ကိုက် ၁ဝဝ ခန့် အကွာတွင် ယာဉ်အားနောက်ပြန်မောင်းပြေးသဖြင့် ပိတ်ဆို့ရေးအဖွဲ့ တာဝန် ချထားသည့် အဖွဲ့မှ အဆိုပါယာဉ်အား M 22 သေနတ်ဖြင့် ၁၄ ချက်ခန့် သတိပေးတားဆီးပစ်ခတ်ရာ ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မောင်းပြေးသွားခဲ့ သဖြင့်  ပူးပေါင်း အဖွဲ့မှ လိုက်လံဖမ်းဆီးရာ ၎င်းယာဉ်မှာ ကျူးလုကျေးရွာနှင့် ၆၁၆ ကျေးရွာ (“ဝကျေးရွာ)ကြား တွင် ယာဉ်အားရပ်တန့်ခဲ့ပြီး ယာဉ်မောင်းမှာ လမ်းယာဘက်ခြမ်း တောင်စောင်း လျှိုအတွင်းသို့ထွက်ပြေးသွားခဲ့သဖြင့် ရပ်တန့်ထားသောယာဉ်အား သက်သေများနှင့်အတူ ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း အပြာရောင် ဆာလာအိတ် ၁၅ ဖြင့်ထည့်ထားသည့် Y1 တံဆိပ်ပါ ဖယောင်းစက္ကူဖြင့်ထုတ်ထားသော WY စာတမ်းပါနီညိုရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြားစီပါ ၁၀၀ ထုတ်၊ ဆေးပြား ၂၀၀၀၀၀ ပြားစီပါဆာလာအိတ် ၁၅ အိတ်  စုစုပေါင်း ဆေးပြား သိန်း ၃၀၊ စုစုပေါင်းအလေးချိန် ၃၀၀ ကီလိုဂရမ်ခန့်၊ ဒေသပေါက်ဈေး သိန်း ၃၀၀၀၀ ကျပ်အား တွေ့ရှိသဖြင့် သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅/၂၀၂၀ နှင့် မယ(ပ)၁၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About