မူဆယ်တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မေလ ၁၅ ရက် နံနက်ပိုင်းက တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ် နိုင်ငံသားများအား ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
 
.
မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေလ ၁၅ ရက်၊ နံနက် ၁ နာရီခန့်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ လင်းထက်ဦး ပိုင်ဆိုင်သော ဝင့်နှင့် ကုမ္ပဏီအဖွဲ့၊ တာ့ဇောက်တိကော် ဖျော်ဖြေရေး စင်တာအား ဝင်ရောက်ရှာဖွေရာ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား လောင်ဟွာ အပါအဝင် ၁၀ ဦး အား လက်ပ်တော့မျိုးစုံ ၁၅ လုံး၊ တယ်လီဖုန်း ၁၅ လုံး၊ မော်နီတာ ၃ လုံး၊ UPS ၂ လုံး၊ CPU ၁ လုံး၊ Printer ၁ လုံး၊ WIFI စက် ၆ လုံး၊ တရုတ်အထိုင်ဖုန်း ၇ လုံး၊ လက်ပ်တော့အားသွင်းကြိုး ၁၀ ခုနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့က ယင်းရပ်ကွက်ရှိ လုကျိန်လုံပိုင်ဆိုင်သော ယွိလုံဆောင်နားအပန်းဖြေ SPA နေရာအား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ကျန်စိမ်းနှင့် တရုတ်နိုင်ငံသူ ၂ ဦးကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
    .
အလားတူ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ည ၁၂ နာရီခွဲခန့်တွင်  ၎င်းရပ်ကွက်ရှိ ပိုင်ဆိုင်သော နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ ချိန်မှုန် အပါအဝင်အမျိုးသား ၄ ဦးကို သေနတ် ၁ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊  ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ၎င်းကျည်အိမ် ၁ ခုတို့ကိုလည်းကောင်း၊ နံနက် ၁ နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များက လိတီချန်း ပိုင်ဆိုင်သော နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် ရန်ဟော်ယုံအပါအဝင် တရုတ်နိုင်ငံသား ၃ ဦးကို အမ်-၂၂ ခေါက်ဒင် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ အမ်-၂၁ သစ်သားဒင် ၁ လက်၊ အမ် -၁၆ ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ လူဂါပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ICE    ၂၅ ကီလို၊ ဘိန်းဖြူဆပ်ပြာခွက် ၇ ဒသမ ၇ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၃၀ ကီလိုနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀၀၀၀ ပြား၊ ခန့်မှန်းတန်းဖိုးငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများ၊  လက် နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.

Journal Download

Photo of three cats