မိုင်းဖြတ်တွင် ငွေကျပ် သိန်း ၂၇၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖြတ်တွင် ငွေကျပ် သိန်း ၂၇၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မေလ ၄ ရက်က တန်ဖိုး ငွေကျပ် သိန်း ၂၇၀ တန်ဖိုးရှိ ဘိန်းစိမ်း များအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
.
မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၄ ရက်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ မိုင်းဖြတ်-ကျိုင်းတုံ သွားကားလမ်းတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ကျိုင်းတုံ မြို့ဘက်မှ မိုင်းဖြတ်မြို့ဘက်သို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်အမျိုးသား ၂ ဦးအား စစ်ဆေးရန် ရပ်တန့် ခိုင်းစဉ် ၎င်းတို့နှင့်ပါလာသည့် ခရီးဆောင်အိတ်အား ပစ်ချထွက်ပြေးသွားသဖြင့် အဆိုပါအိတ်အား စစ်ဆေးရာ အိတ်အတွင်းမှ ငွေကျပ် သိန်း ၂၇၀ တန်ဖိုးရှိ ဘိန်းစိမ်းအလေးချိန် ၂၇ ကီလိုအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats