အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများ ထားရှိပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများ ထားရှိပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို


စုလှိုင်
.
မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ယင်းစာသင်ကျောင်း၌ ကျန်းမာ‌ရေး ဌာနမှ ဝန်ထမ်းများကို တာဝန်ချထားပေးရန် မေလ ၂၉ ရက်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။ 
.
 
.
အခြေခံပညာကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် အထက် တန်းအဆင့်မှ စတင်ဖွင့်လှစ်ပြီး ၂ ပတ်အ ကြာတွင် အလယ်တန်း၊ မူလတန်းများ ဆက်လက်ဖွင့် လှစ်မည့်အပေါ် ကော်မရှင်က ကျေနပ်အားရပြီး မှန်းဆမရနိုင်သည့် အခြေအနေရောက်မှ ကျောင်းပြန်ဖွင့်ပါက ကျောင်း/သားကျောင်းသူများကို ရေရှည် အကျိုးဖြစ်စေမည် မဟုတ်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ကလေးများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွန်ကြား ချက်များနှင့်အညီ စာသင်ကျောင်းများတွင် ခပ်ခွာခွာနေထိုင်ရေး အတွက် စီစဉ်ရာတွင် အခက်အခဲ တစ်ရပ်ရှိနေနိုင်ပြီး စာသင်ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူ အရေအတွက် အများအပြား ရှိသောကြောင့် ရောဂါ ကူးစက်မှုတစ်ခုဖြစ်ပွားချိန်တွင် ရောဂါပျံနှံ့မှုကို တားဆီးရန် ခက်ခဲစေမည့်အချက် ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသူ ကျောင်းသားများအတွက် နှာခေါင်းစည်း၊ မျက်နှာဖုံး တပ်ခြင်း၊ သတ်မှတ်အကွာအ ဝေးတွင် ထိုင်စေခြင်း၊ လက်ဆေး ခြင်းနှင့် ကိုယ်အပူချိန်တိုင်းခြင်း တို့ကို ဆရာ၊ ဆရာမများနှင့် ကျောင်းတာဝန်ရှိသူများက သေ ချာစွာ ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း ကော်မရှင်က ဆိုသည်။
.
ယင်းကဲ့သို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နေ ကျောင်းသားမိဘ တစ်ဦးက “လက်ရှိအနေအထားက နည်းနည်းတော့ အန္တရာယ်များတယ်။ ကျောင်းဖွင့်တာ၊ မဖွင့်တာထက် ရောဂါကို ဘယ်လောက် ထိန်းချုပ်နိုင်ပြီဆိုတာကို ပြန်ပြီးတော့ သုံးသပ်သင့်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရောဂါကူးစက်ခံ ရမှုကို အစောဆုံးသိရှိရေးမှာ လည်း အရေးကြီး၍ ပြန်လည်ဖွင့် လှစ်မည့် ကျောင်းများတွင် သင့် တော်သည့် ရာထူးအဆင့်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများကို တရားဝင်တာဝန်ပေး အပ်နိုင်ရေးအတွက် ကျောင်း ပြန်ဖွင့်ချိန်တွင် ကျင့်သုံးမည့်စည်း မျဉ်းစည်းကမ်း ချမှတ်ရန် ကော်မရှင်က တိုက်တွန်းထားသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ မေလ ၃၁ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၂၂၄ ဦး အထိ ရှိလာနေပြီး ရောဂါပျောက်ကင်းသူ ၁၃၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About