မိုင်းနောင်တွင် ၂ ရက်အတွင်း ကျပ်သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် ဓါတုပစ္စည်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းနောင်တွင် ၂ ရက်အတွင်း ကျပ်သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် ဓါတုပစ္စည်းများ ဖမ်းမိ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တွင် မေလ ၇ ရက် နှင့် ၈ ရက်အတွင်း ကျပ်သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းနှင့် ဓါတုပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၇ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အဝင်တွင် လုံခြုံရေး ဆောင်ရွက်နေစဉ် ဝမ်ဆင်းဘက်မှ မိုင်းနောင်မြို့ဘက်သို့ မောင်းနှင်လာသော ကုန်တင်မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ယာဉ်မှာ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံတားဆီးရာ ယာဉ်ပေါ်ပါသူ ၂ ဦးမှ ကုန်တင်ယာဉ်အား ထားရစ်ပြီး ယင်းကုန်တင်ယာဉ်နောက်မှ လိုက်ပါလာသည့် VIGO အမျိုးအစား ယာဉ်နောက်သို့ တက်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ရှာဖွေရာ ကုန်တင်ယာဉ်မောင်းနှင်သူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် (၁) နေ ချစ်ဝင့်သူ (၂၈ နှစ်)၊ ကုန်တင်ယာဉ်ပေါ်ပါ မူဆယ်မြို့၊ (၁၀၅) မိုင်နေ လှိုင်ဝေဦး (၂၆ နှစ်) နှင့် VIGO ယာဉ် မောင်းနှင်သူ မူဆယ်မြို့ဟိုနားရပ်ကွက်နေ ရန်နိုင်ထူး (၃၄ နှစ်) နှင့် သူရအောင် (၁၈ နှစ်) ဆိုသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ကုန်တင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလတ်စတစ်ပီပါ၊ သံပီပါများဖြင့် ထည့်ထားသည့် ဓာတုပစ္စည်း အီသိုင်းအက်စီတစ် စုစုပေါင်း ၂၆၅၆၀ လီတာ၊ ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၂၆၅၆ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အကျိုးတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက် သဖြင့် မိုင်းနောင်နယ်မြေရဲစခန်းတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
အလားတူ ကျေးသီးမြို့နယ်၊ မိုင်းနောင်-ကျေးသီးသွားကားလမ်းပေါ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အား မေလ ၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်ပေါ်တွင် တင်ဆောင် ထားသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၁၀၃၈ ကီလို တန်ဖိုးငွေ ၆၂၂၈ သိန်းအား သိမ်းဆည်း ရမိခဲ့ပြီး မိုင်းနောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူကာ တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats