အထူးဒေသ (၄) တွင် Quarantine ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော်ကို နေရပ်သို့ ပြန်ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အထူးဒေသ (၄) တွင် Quarantine ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော်ကို နေရပ်သို့ ပြန်ပို့


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) တွင် Quarantine ၂၁ ရက် ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော်သည် ယနေ့ မေလ ၃ ရက်တွင် မိုင်းယန်းသို့ ရောက်ရှိလာပြီး မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံလမ်းမှတစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.
.
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ယင်း ရွှေ့ပြောင်းလုပ်သားမျးအား အထူးဒေသ (၄) တွင် ၂၁ ရက် Facilities Quarantine ထားရှိကာ ကျန်းမာရေးကောင်းမွန်သဖြင့် ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရွှေပြောင်းလုပ်သားများအနက် ၃၆၉ ဦးမှာ မေလ ၃ ရက်တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိလာပြီး ၎င်းတို့ကို တောင်ကြီးမြို့သို့ မော်တော်ယာဉ် ၁၀ စီးဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
“နေရပ်အစုံက အလုပ်သမားတွေဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ၅၅ ယောက် ပါပါတယ်” ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား COVID-19 ကူးစက်ရောဂါ ကြောင့် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ အထူးဒေသ (၄) တွင် Facilities Quarantine ၂၁ ရက် ဝင်ရောက်ပြီး ကျန်းမာရေး ကောင်းမွန်သူများကို ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ပထမအကြိမ်တွင် ၂၇၇ ဦး၊ ဒုတိယအကြိမ်တွင် ၅၆၆ ဦးနှင့် ယခု တတိယအကြိမ်တွင် ၃၆၉ ဦး၊ စုစုပေါင်း ၁၂၁၂ ဦး ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats