အထူးဒေသ (၄) တွင် Quarantine ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆၆ ဦးတို့ကို နေရပ်ပြန်ရန် ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အထူးဒေသ (၄) တွင် Quarantine ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆၆ ဦးတို့ကို နေရပ်ပြန်ရန် ပို့ဆောင်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) တွင် Facilities Quarantine ဝင်ရောက်နေသည့် ပြည်ပပြန် မြန်မာရွှေ့ပြောင်း လုပ်သား ၅၆၆ ဦးအား ဒုတိယအသုတ်အနေဖြင့် နေရပ်ပြန်နိုင်ရန် ပို့ဆောင်ပေးလျက်ရှိကြောင်း မိုင်းယန်းမြို့မရဲစခန်းမှ သိရသည်။
.
.
“သူတို့ရဲ့ လုံခြုံရေးအတွက် ကျိုင်းတုံမြို့အထိ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ အားလုံး ကား ၁၂ စီးနဲ့ တင်ပေးလိုက် ပါတယ်” ဟု မိုင်းယန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများအတွက် Facilities Quarantine ၂၁ ရက် ဝင်ရောက်ပြီးကြောင်း အထောက်အထားလက်မှတ်များကို အထူးဒေဿ (၄)၊ မိုင်းလားကျန်းမာရေးဌာနမှ ပေးအပ်ထားကြောင်း သိရသည်။
.
ယင်းရွှေ့ပြောင်းလုပ်သားများသည် တရုတ်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီးနောက် ပြန်လည် ပို့ဆောင်ခံရခြင်းဖြစ်ကာ အထူးဒေသ (၄) မိုင်းလားတွင် Facilities Quarantine ၂၁ ရက် ဝင်ရောက်ပြီးနောက် ဒုတိယအသုတ်အဖြစ် မိုင်းလားဘက်မှ ပြန်လည်လွှဲပြောင်းလာသူများဖြစ်ကြောင်း သိရသည်။
.
ယခု ပို့ဆောင်ပေးခဲ့သည့် ဒုတိယအကြိမ် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သား ၅၆၆ ဦးမှာ ရှမ်းပြည်နယ်မှ ၂၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၅ ဦး၊ နေပြည်တော်မှ ၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၄၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၄၀ ဦး၊ ရန်ကုန် တိုင်းဒေသကြီးမှ ၁၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၁ ဦးနှင့် ရခိုင်ပြည်နယ်မှ ၄၂၂ ဦးဖြစ်ပြီး ကျား ၃၅၄ ဦး၊ မ ၂၁၂ ဦး ဖြစ်ကြောင်း သိရသည်။
.
ယင်းပြည်ပပြန်များအား မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ မှတစ်ဆင့် တောင်ကြီး-ရွှေညောင်အထိ ပို့ဆောင်ပြီး ၎င်းတို့၏ နေရပ်များသို့ ဆက်လက်သွားရောက်နိုင်ရေးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats