မဘိမ်းမြို့နယ်ရှိ ဝိုင်းလုံကျီးအင်း အပါအဝင် အင်း ၉ ခုကို လေလံတင်ရောင်းချမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

မဘိမ်းမြို့နယ်ရှိ ဝိုင်းလုံကျီးအင်း အပါအဝင် အင်း ၉ ခုကို လေလံတင်ရောင်းချမည်


မေသူဇော်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရှိ ဝိုင်းလုံကျီးအင်း အပါအဝင် ဂရန်အင်း ၉ ခု၊ တင်ဒါပိုက်ချက် ၉ ခုတို့ကို ရာသီချိန်အမီ လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း လားရှိုးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
.
 
.
အဆိုပါ လေလံတင်ရောင်းချခြင်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းရာသီအမီ ဇွန်လ ၁၈ ရက်တွင် မိုးမိတ် မြို့နယ်ခန်းမ၌ လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး မိုးမိတ်ခရိုင်အတွင်းရှိ မိုးမိတ်မိုတယ်တွင် တင်ဒါပိုက်ချက် ၄ ချက်၊ မဘိမ်းတွင် တင်ဒါပိုက်ချက် ၅ ချက်နှင့် ဂရန်အင်း ၉ ခုတို့ကို လေလံတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ လုပ်ကိုင်တာ ဖြစ်ပါတယ်” ဟု လားရှိုးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလင်းက ပြောသည်။
.
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် ဘဏ္ဍာရန်ပုံငွေ ပြည့်မီကျော်လွန်စွာ ရရှိနိုင်ရေးအတွက် စည်းကမ်း သတ်မှတ်ချက် ၁၇ ခု ပါဝင်သည့် ကြော်ငြာစာများကို ထုတ်ပြန်ထားပြီးဖြစ်ကာ အင်းလေလံ ဆွဲလိုသူများ အနေဖြင့် ဇွန်လ ၁၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး လေလံဆွဲယူခွင့် လက်မှတ်ကို ဇွန်လ ၁၇ ရက်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မိုးမိတ်ခရိုင် တစ်ခု၌သာ ဂရန်အင်းများ၊ တင်ဒါပိုက်ချက်များအား လေလံတင် ရောင်းချခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို နှစ်စဉ် လေလံရောင်းချခဲ့ခြင်းဖြစ်ကာ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အတွင်း အင်း ၉ အင်းနှင့် တင်ဒါပိုက်ချက် ၉ ခုတို့ကို ငွေကျပ် ၁၂၃ သိန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ရာ ယုခုနှစ် တွင်လည်း အခွန်ဘဏ္ဍာ‌ငွေ ပိုမိုရရှိနိုင်ရေးအတွက် ကြမ်းခင်းဈေးနှုန်းများကို ၁၀ ရာခိုင်နှုန်း ပိုမိုတွက်ချက်ထားသည် ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About