ရှမ်းတောင်မှ တက္ကသိုလ်ဝင်တန်း အဖြေလွှာများအား ၁၀ ရက်ခန့်ဖြင့် အပြီးစစ်ဆေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

ရှမ်းတောင်မှ တက္ကသိုလ်ဝင်တန်း အဖြေလွှာများအား ၁၀ ရက်ခန့်ဖြင့် အပြီးစစ်ဆေးသွားမည်


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အဖြေလွှာများအား တောင်ကြီး တက္ကသိုလ်တွင် ဇွန်လ ၅ ရက်မှ စတင်၍ ၁၀ ရက်ခန့်ဖြင့် အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
အဆိုပါ အဖြေလွှာစစ်ဆေးမည့် ဆရာ/ဆရာမများအား တောင်ကြီးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ဇွန်လ ၃ ရက်တွင် အစည်းအဝေး ခေါ်ယူထားပြီး သတ်မှတ် တူညီဝတ်စုံဖြင့် တက်ရောက်ရန် တောင်ကြီးမြို့နယ် ပညာရေးမှူးရုံးက မေလ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
“ခန့်မှန်းခြေတော့ သူတို့စစ်ရင် ၁၀ ရက် ဝန်းကျင်လောက် ကြာတတ်ပါတယ်။ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း၊ အကွာအဝေး သတ်မှတ်ချက်တွေအတိုင်းပဲ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းမှ တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို စစ်ဆေးရန် ဆရာ/ဆရာမ ဦးရေ ၁၉၀၀ ခန့် ခေါ်ယူ ထားပြီး အဖြေလွှာများကို တောင်ကြီးတက္ကသိုလ်တွင် စစ်ဆေးမည်ဖြစ်ကာ စာစစ်မည့် ဆရာ/ဆရာမများ၏ ကျန်းမာရေးအား အဆင့်မြင့်ပညာဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ ကျောင်းသား/သူ ၃၉၀၀၀ ခန့် ဝင်ရောက်ဖြေဆိုထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About