စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊
ကျောက်တလုံးကြီးမြို့ရှိ ငါးရက်တစ်ဈေးသို့ လာရောက်သူများ အနေဖြင့် Mask တပ်ဆင်ခြင်း
မရှိပါက Mask ဝယ်ယူစေမည် ဖြစ်ကြောင်း ကျောက်တစ်လုံးကြီးမြို့ အုပ်ချုပ်ရေးမှူးရုံးထံမှ
သိရသည်။
.
" နောက် အပတ်တွေမှာ တကယ်လို့ mask မတပ်လာဘူးဆိုရင်
mask ကို ဝယ်ခိုင်းမယ်ပေါ့ ။ ငွေသား အနေနဲ့ ဒဏ်ရိုက်မှာ မဟုတ်ဘူး ။ Mask ဝယ်ခိုင်းမှာ
။ ရွာဘက်တွေလည်း ဖြစ်နေတော့ မြို့ပြတွေလိုတော့ မစည်ဘူးလေ။ စျေးက မနက် ၆ နာရီ နဲ့ ၈
နာရီလောက်ဆိုရင် မရှိတော့ဘူး ။ သူတို့ ခြံ မသွားခင် လာဝယ်ကြတာ။ သူ့အကွက်လေးနဲ့ သူ စည်းစနစ်နဲ့သူပေါ့။
ဒီမှာက ပုံမှန်စျေး မရှိဘူး ” ဟု ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးစောချမ်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဓါတ်ပုံ - ခွန်အာကာ |
အဆိုပါ ဈေးသို့ လာရောက်သူများ အနေဖြင့်
Mask တပ်ဆင်ခြင်း မရှိပါက Mask ၃ ခု (သို့) ၅ ခု ဝယ်ယူစေမည် ဖြစ်ပြီး Mask တစ်ခုလျှင်
၂၀၀ ကျပ်မှ ၅၀၀ ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
.
ကျောက်တလုံးကြီးမြို့ အတွင်းရှိ နေအိမ်များသို့
အဝတ်စနှင့် ချုပ်သည့် Mask များကို တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ လိုက်လံဝေင၍
စျေးသည်များနှင့် စျေးဝယ်သူများအား သတ်မှတ်နေရာအတွင်း ရောင်းချ ဝယ်ယူနိုင်ရန်နှင့်
နှာခေါင်းစည်း တပ်ဆင်ရန် အသိပညာပေးထားပြီး ဖြစ်ကြောင်းနှင့် စျေးအဝင်ဝတွင်လည်း ဆိုင်းဘုတ်
ထောင်၍ အသိပညာ ပေးထားကြောင်း သိရသည်။