ဟိုပုံးမြို့အဝင်နှင့် ယာယီစျေးတွင် Mask တပ်ဆင်လာခြင်းမရှိပါက ဝယ်ယူတပ်ဆင်ခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့အဝင်နှင့် ယာယီစျေးတွင် Mask တပ်ဆင်လာခြင်းမရှိပါက ဝယ်ယူတပ်ဆင်ခိုင်း


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အဝင် ၂ နေရာနှင့် ယာယီစျေးတို့တွင် နှာခေါင်း စည်း Mask တပ်ဆင်လာခြင်း မရှိပါက ဝယ်ယူတပ်ဆင်စေလျက်ရှိကြောင်း ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
.
 
.
"Mask မတပ်ရင် စျေးထဲ မဝင်ခိုင်းဘူး။ Mask သွားဝယ်ခိုင်းတယ်။ တပ်ပြီးမှ စျေးထဲဝင် အဲဒီလို လုပ်ခိုင်းတာပါ။ Mask အလကားဝေတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ အသိပေးတဲ့ အကြိမ်ပေါင်းလဲ မနည်းတော့ဘူး။ မြို့အဝင် ၂ ဂိတ်မှာတော့ လုပ်နေပြီ။ Mask မပါရင် ဝယ်ခိုင်းတယ်။"ဟု ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အတူ ဟိုပုံးဒေသခံတစ်ဦးကလည်း "Mask မတပ်တာများတယ်။ လူကြီးတွေနဲ့ စည်ပင်အဖွဲ့ပေါင်းစုံတွေက စျေးသည် စျေးဝယ်တွေကို Mask ဝေတယ်။ ဝေတုန်းပဲ တပ်ကြတယ်၊ လူကြီးတွေ မရှိတာနဲ့ မတပ်ကြတော့ဘူး။ လိုက်နာမှုအားနည်းကြတယ်။ Mask မပါတဲ့သူကို တော့ ဝယ်ခိုင်းပါတယ်။" ဟု ပြောဆိုခဲ့သည်။
.
ဟိုပုံးမြို့၊ ကျွဲ၊ နွားပွဲစျေး မြေနေရာတွင် ဖွင့်လှစ်ထားသည့် ယာယီဈေးကို ၅ ရက်တစ်ဈေး ဈေးနေ့မှအပ နေ့စဉ် နံနက် ၅ နာရီမှ ၁၁ နာရီထိ ဖွင့်လှစ် ရောင်းချခွင့် ပြုထားပြီး ဈေးသည်များ၊ ပြည်သူများအား နှာခေါင်းစည်း (Mask)တပ်၍ ဈေးသို့ လာရောက်ရန်နှင့် စုပြုံ တိုးဝှေ့ ဈေးဝယ်ခြင်းမပြုရန် ဟိုပုံးမြို့နယ် စည်ပင်သာယာရေးကော်မတီက နှိုးဆော်ထားသည်။
.

Journal Download

Photo of three cats