မိုင်းယောင်းတွင် ရှမ်းအစိုးရ ဝန်ကြီးများ ဦးဆောင်၍ Mask Campaign ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

မိုင်းယောင်းတွင် ရှမ်းအစိုးရ ဝန်ကြီးများ ဦးဆောင်၍ Mask Campaign ပြုလုပ်


အားချာ
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့ မေလ ၂၉ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းယောင်းမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွှန့်လွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နေအိမ်ပြင်ပသို့ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းတပ်၍ သွားလာရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း အသိပညာပေးကာ “COVID-19 မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနအတွက် အခု ၂၀ ပါ Mask ၁၈ ဘူး လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About