Mask Campaign ပြုလုပ်ရာ၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည့်အတွက် ရှမ်းစီမံ/ဘဏ္ဍာဝန်ကြီး တောင်းပန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Mask Campaign ပြုလုပ်ရာ၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည့်အတွက် ရှမ်းစီမံ/ဘဏ္ဍာဝန်ကြီး တောင်းပန်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် Mask Campign ပြုလုပ်ရာ၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် ပြန်လည်တောင်းပန်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
 
.
“ဒီက​နေ့​တောင်ကြီးမြို့၊ အ​ဝေရာမီးပုံးပျံကွင်းမုခ်ဦးအဝမှာ Mask Campaign ပြုလုပ်ရန်အတွက် အခမ်းအနားကျင်းပခဲ့ပါတယ်။ အခမ်းအနားကျင်းပတဲ့အချိန်မှာလူစုလူ​ဝေးပုံသဏ္ဍာန်ဖြစ်သွားခဲ့ပါတယ်။ Mask Campaign လုပ်တဲ့အချိန်မှာ​တော့ လှုပ်ရှားသူ​တွေသည် ခပ်လှမ်းလှမ်းမှ​နေပြီး ပြန်လည်လုပ်​ဆောင်ကြတာကို​တွေ့ရပါတယ်။ ဒီလိုကျင်းပရာမှာ social distancing ကိုချိုး​ဖောက်သကဲ့သို့ ဖြစ်သွားခဲ့ ပါတယ်။ အဲဒီအတွက် ​ကြောင့်လည်း ရှမ်းအစိုးရ Mask Campaign လှုပ်ရှားမှုသည်သတ်မှတ်ထားတဲ့ Social Distancing ကိုချိုး​ဖောက်တယ်လို့ လှုမှုကွန်ယက်​ပေါ်တွင်​ဝေဖန်မှုများစွာထွက်​ပေါ်လာခဲ့ပါသည်။ အဲ့ဒီ​လိုဝေဖန်မှုများကိုလည်း ​လေးစားစွာလက်ခံယူသည့်အတွက်​လည်း​လေးစားစွာ​တောင်းပန်အပ်ပါသည်” ဟု ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “လူမှုကွန်ရက်ကနေ တောင်းပန်ထားပါတယ်။ နောက်ထပ် တောင်ကြီးအပြင် ရှမ်းရှေ့၊ ရှမ်းမြောက်မှာလည်း လုပ်သွားဖို့ရှိပါတယ်။ အဲဒီ ကျရင် စနစ်တကျဆွဲပြီး ပြောပါမယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိ ယာယီဈေးများတွင် ယနေ့ မေလ ၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆာင်၍ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းကာ Mask Campign ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ Mask Shan Campaign ကို မြို့တော်တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ပေါင်း ၂၁ မြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင်လည်း Mask Shan Campaign ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats