မိုင်းယောင်းဒေသထွက် သရက်သီးများ ဝယ်ယူစားသုံးသူ များပြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

မိုင်းယောင်းဒေသထွက် သရက်သီးများ ဝယ်ယူစားသုံးသူ များပြား


အားချာ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ထွက် သရက်သီးများမှာ လတ်ဆတ်ပြီး အရသာ ချိုမြိန် သည့်အတွက် ဝယ်ယူစားသုံးသူ များပြားကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
 
.
မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာတွင် စိုက်ပျိုးထားသည့် စိမ်းချိုသရက်သီးများမှာ လတ်ဆတ်ပြီး ဝယ်ယူစားသုံး သူ များပြားသဖြင့် ခြံအထိ လာရောက်ဝယ်ယူသူများကို တစ်ကီလိုလျှင် ၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အိမ်ဆိုင် များတွင် တစ်ကီလိုလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ကြောင်း သိရသည်။
.
အဆိုပါ စိမ်းချိုသရက်သီးသည် စိမ်းစိုလတ်ဆတ်၍ အရသာချိုမြိန်ပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ထားသည့် (GAP) အသိအမှတ်ပြု လက်မှတ်ရရှိထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About