နန်းဝင်းရီ
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊
လားရှိုးမြို့နယ်၊ လားရှိုး-နမ္မတူသွားလမ်းတွင် မေလ ၂ ရက် ညနေပိုင်းက
မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ကျပ်သိန်း ၄၀ တန်ဖိုးရှိ
စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
လားရှိုးမြို့နယ်၊
လားရှိုး-နမ္မတူသွားလမ်းပေါ်တွင် လားရှိုးမြို့ဘက်မှ နမ္မတူမြို့ဘက်သို့
ခေးခမ်းကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာနေသူများဖြစ်သည့် အိုက်ထွေး (၃၅ နှစ်)
မောင်းနှင်ပြီး မအေးအိုင် (၃ ၈နှစ်) စီးနင်းလိုက်ပါလာသည့်မော်တော်ဆိုင်ကယ်အား
စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် လက်ဆွဲခြင်း အတွင်းမှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ပြား၊ တန်ဖိုးငွေကျပ်
၄၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ အိုက်ထွေးနှင့် မအေးအိုင်အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး
ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.