လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာ (၁၃)မိုင်စု ကျေးရွာတွင် ကျပ်သိန်း ၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မေလ ၃ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာ (၁၃)မိုင်စု ကျေးရွာရှိ ဒေါ်လူရှောက်ဆီ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ် မီးဖိုခန်း အနီးရှိ မြေကြီးအတွင်း မြုပ်နှံထားသော ကော်ပုံးအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၂၀၀ ပြားအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိရသည့် နေအိမ်ပိုင်ရှင် ဒေါ်လူရှောက်ဆီအား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

Journal Download

Photo of three cats