လားရှိုးတွင် ရေတွင်းတူးရာမှ အောက်စီဂျင်ပြတ်၍ ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 9, 2020

လားရှိုးတွင် ရေတွင်းတူးရာမှ အောက်စီဂျင်ပြတ်၍ ၃ ဦး သေဆုံး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ အေတီအနီး၊ အောင်သစ္စာတိုးချဲ့ရပ်ကွက်တွင် ယနေ့ မေလ ၉ ရက်၊ နေ့လယ်ပိုင်းက ရေတွင်းတူးရာမှ အမျိုးသား ၃ ဦး အောက်စီဂျင်ပြတ်လပ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
Photo - Ko Nay Myo
 
.
အောင်သစ္စာတိုးချဲ့ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ရေတွင်းဆင်းတူးနေစဉ် အမျိုးသား ၂ ဦးမှ အောင်စီဂျင်ပြတ်လပ်၍ အကူအညီပေးရန် နောက် ၃ ဦး ထပ်ဆင်းသွားရာ ၅ ဦးလုံး အောက်စီဂျင်ပြတ်လပ်၍ ပြန်မတက်နိုင်ဘဲ ရှိခဲ့ခြင်းဖြစ်ပြီး ပရဟိတအဖွဲ့များသို့ ချိတ်ဆက်အကူအညီတောင်းခံခဲ့သဖြင့် ပရဟိတအသင်း ကားများနှင့် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးယာဉ်တို့ဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ပထမ ၂ ယောက် အသံမကြားတော့လို့ အိမ်ရှင်အပါအဝင် နောက်ထပ် ၃ ယောက် ထပ်ဆင်းတာ သူတို့က လူကိုလည်းဆယ်၊ ကြိုးနဲ့ ခြေကန်ပြီး တက်ရတာဆိုတော့ အားကုန်ပြီး မတက်နိုင်လို့ ဖြစ်ရတာပါ။ သိသိချင်း အကူအညီရောက်လာပြီး မီးသတ်ကားနဲ့ သယ်လာတဲ့ တစ်ယောက်ရယ်၊ ပရဟိတကားပေါ်က ၂ ယောက်ရယ် ဆုံးသွားပါတယ်” ဟု လားရှိုးမြို့နေ ကိုနေမျိုးက ပြောသည်။
.
ယင်းကဲ့သို့ အောက်စီဂျင် ပြတ်လပ်မှုကြောင့် အမျိုးသား ၅ ဦးအနက် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ လားရှိုးပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About