ကမ္ဘောဇတိုင်း
.
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ရောင်းချရန် ခက်ခဲသည့်အပြင်
ဝန်ထမ်းများ လျှော့ချထားရသည့် အတွက် ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ပိုင်ဆိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ လီလီပန်းခြံ မှ ပန်းများ စွန့်ပစ်နေရကြောင်း သိရသည်။
.
![]() |
Photo - Lwin Moe |
.
“သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးကာလမှာ ရောင်းဖို့ဆိုပြီး အများကြီး
စိုက်ထားတာပါ။ အခုတော့ COVID-19 ကြောင့် ပို့နေကျ ဆိုင်တွေကို မပို့ရတဲ့အပြင် ဆိုင်ကိုလည်း
လူဝင်ထွက်လို့ မရတော့ဘူး။ နောက်ပြီးတော့ ဝန်ထမ်းအင်အား တွေလည်း လျှော့ချထားရတဲ့အတွက်
Delivery လမ်းကြောင်းတွေလည်း နည်းသွားတယ်။ အများကြီး စိုက်ထားတဲ့ ပန်းတွေက ပျက်စီးသွားတဲ့အတွက်
စွန့်ပစ်လိုက်ရတာပါ” ဟု ယင်းလီလီပန်းခြံမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
အဆိုပါ လီလီပန်းခြံအပြင် ရှမ်းပြည်နယ်အတွင်းရှိ ခရမ်းချဉ်သီး အပါအဝင်
အခြား သီးနှံများလည်း COVID-19 ကပ်ရောဂါကြောင့် ရောင်းချရန် ခက်ခဲနေသည့်အတွက် အခမဲ့
ဝေငှခြင်း၊ စွန့်ပစ်ရခြင်းများ ရှိနေပြီး တောင်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း
သိရသည်။
.