ရှမ်းပြည်နယ်ရှေ့နေများအသင်းမှ ပထမဆုံးအကြိမ်အဖြစ် စားနပ်ရိက္ခာများ လှူဒါန်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

ရှမ်းပြည်နယ်ရှေ့နေများအသင်းမှ ပထမဆုံးအကြိမ်အဖြစ် စားနပ်ရိက္ခာများ လှူဒါန်းမည်


စုလှိုင်
.
ရှမ်းပြည်နယ်ရှေ့နေများအသင်း၊ တောင်ကြီးခရိုင်ရှေ့နေများအသင်းမှ မေလ ၃၀ ရက်တွင် တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်း နှင့် ရွှေတောင်ရပ်ကွက်များသို့ ပထမဆုံးအကြိမ်အဖြစ် စားနပ်ရိက္ခာများ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“ရွှေတောင်က အိမ်ထောင်စု ၃၀၀၊ စိန်ပန်းက အိမ်ထောင်စု ၁၅၀ ကို ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် ရှေ့နေအသင်းအနေနဲ့ ဒီကာလမှာ လှူဒါန်းတာ ပထမဆုံးအကြိမ်ပါ။ နောက်ထပ်လှူဖို့လည်း တိုင်ပင်နေပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ဌေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ကူးစက်ရောဂါ ကာလအတွင်း ရှမ်းပြည်နယ် ရှေ့နေများ အသင်းမှ ပထမဆုံးအကြိမ် လှူဒါန်းခြင်း ဖြစ်ပြီး ရပ်ကွက် ၂ ရပ်ကွက်ရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၅၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ရှေ့နေများအသင်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ရှမ်းပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့၏ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မှတ်ပုံတင်လက်မှတ်ကို ရရှိခဲ့ပြီး အသင်းဝင် ရှေ့နေ စုစုပေါင်း ၅၀၀ ကျော်ခန့် ဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About