ဟိုပုံးမြို့နယ်ရှိ ထမ်စမ်းလိုဏ်ဂူနှင့် ရွှေတိဂုံပုံတူဘုရားသို့ လာရောက်သူ များပြားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်ရှိ ထမ်စမ်းလိုဏ်ဂူနှင့် ရွှေတိဂုံပုံတူဘုရားသို့ လာရောက်သူ များပြားနေ


ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ထမ်စမ်းလိုဏ်ဂူနှင့် ရွှေတိဂုံ ပုံတူစေတီတော်သို့ ယနေ့ (မေလ ၁၇ ရက်)တွင် ဒေသခံတိုင်းရင်းသား အများအပြား လာရောက် ဖူးမြော် လည်ပတ်နေလျက် ရှိကြောင်း သိရသည်။
.
 “ကိုရင်လေးကျောင်းကိုတော့ အဝင် မခံဘူး၊ လူတွေကတော့ နှစ်တိုင်းလာတဲ့ သူတွေကတော့ ကန့်သတ်ထားတာ မရှိတော့ လာနေကြတဲ့ သဘောပေါ့။ လောလောဆယ် (မေလ ၁၇ ရက်၊ နံနက် ၁၀ နာရီ)တော့ ကားက အစီးရေ ၁၀၀ ကျော်၊ ဆိုင်ကယ်က ၅၀၀ လောက် ရှိတယ်။ အခုလည်း လာနေကြတုန်းပဲ။ လူကတော့ ပြည့်နေပြီ၊ အနည်းဆုံးကတော့ ၂ သောင်းလောက်တော့ ရှိနေပြီ။ ထပ် များလာဖို့ ရှိတယ်။ ဆရာတော်က နေ့လယ် ၂ နာရီမှ ထမ်စမ်းကို လာမှာတဲ့။” ဟု အဆိုပါ ထမ်စမ်းလိုဏ်ဂူသို့ ရောက်ရှိနေသူ တစ်ဦးက လက်ရှိ မျက်မြင်အခြေအနေအား ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဟိုပုံးကိုရင်လေး၏ သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ဖြစ်သည့်အတွက် လာရောက် လည်ပတ် ဖူးမြော်ခြင်း ဖြစ်ကာ ယခင်က လုပ်အားပေးများသာ လာရောက်သော်လည်း ယခုတွင် လာရောက်သူ ပိုမိုများပြားကြောင်း  ဟိုပုံး ဒေသခံများထံမှ သိရသည်။
.
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်အား ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်တို့ဘက်ကတော့ ပြောပြီးပြီ၊ အဲဒါတော့ သူ့ အစီအစဉ်နဲ့ သူ လုပ်တာပေါ့နော်။ ကျွန်တော်တို့ကတော့ ပြောပြီးပြီပေါ့နော်။ လူစုလူဝေး မလုပ်ရဘူးလို့ ပြောထားပြီးပြီ။ ကျွန်တော်တို့ မသိဘူး၊ ဘယ်သူမှ အသိမပေးဘူးပေါ့။” ဟု ပြောသည်။
.
ဟိုပုံးမြို့နယ်ရှိ ထမ်စမ်းလိုဏ်ဂူတော်နှင့် ရွှေတိဂုံပုံတူ စေတီတော်တို့မှာ ရှမ်းပြည်နယ် တောင်ပိုင်း၏ အထင်ကရ နေရာများ ဖြစ်သည်။

Journal Download

Photo of three cats