KTV ဆိုင်များ ရက်ရှည်ပိတ်သိမ်းထားရသည့်အတွက် လုပ်ငန်းရပ်တည်ရန် ခက်ခဲလာနေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 28, 2020

KTV ဆိုင်များ ရက်ရှည်ပိတ်သိမ်းထားရသည့်အတွက် လုပ်ငန်းရပ်တည်ရန် ခက်ခဲလာနေ ဟုဆို


ဗျတ္တ
.
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်၍ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မိသားစု ကာရာအိုကေ (KTV) လုပ်ငန်းများ ရက်ရှည် ရပ်နားထားရသဖြင့် လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်အခဲများ ဖြစ်ပေါ်လာနေ သည်ဟု KTV လုပ်ငန်းရှင်များမှ ပြောဆိုလျက်ရှိသည်။
.
 
.
တောင်ကြီးမြို့ပေါ်ရှိ ဈေးများ၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဇွန်လ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီးနောက် KTV လုပ်ငန်းရှင် များအနေဖြင့်လည်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လိုကြခြင်းဖြစ်ကြောင်း သိရသည်။
.
“ရောဂါ စဖြစ်တဲ့အချိန်ကစပြီး ၃ လ လောက် ဆိုင်ပိတ်ထားရတော့ ရပ်တည်ဖို့ အခက်အခဲ ဖြစ်လာတာတွေ ရှိပါတယ်။ အဓိက ကတော့ ဝန်ထမ်းလစာပေါ့။ အလုပ်က ရပ်ထားပေမဲ့ ဝန်ထမ်းလစာတွေကတော့ ပေးနေရတယ်။ အလုပ်သမား တွေကို လျှော့ချဖို့လည်း မဖြစ်နိုင်ဘူး။ အမှန်တကယ် လိုအပ်တဲ့အချိန်ကျရင် ကျွမ်းကျင်လုပ်သား ရှာရခက်တယ်။ ဖြစ်နိုင်ရင်တော့ တခြားလုပ်ငန်းတွေလို စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ဆိုင်ပြန်ဖွင့်ခွင့်ပေးစေချင်ပါတယ်” ဟု တောင်ကြီးမြို့ပေါ်ရှိ KTV လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးကို ယနေ့ မေလ ၂၈ ရက်က ပြုလုပ်ရာ အစည်းအဝေးတွင် KTV နှင့် Night Club များ၊ ညဈေးများကို ဆက်လက်ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
.
“စားသောက်ဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေကတော့ ဖွင့်ချင်ရင် သတ်မှတ်စည်းကမ်းအတိုင်း ဖွင့်ခွင့်ပေးမယ်။ ဈေး တွေကလည်း ဈေးသည်တစ်ဝက်နှုန်းနဲ့ ဖွင့်ခွင့်ပေးမယ်။ KTV တွေ၊ နိုက်ကလပ်တွေ၊ ဘားတွေကိုလည်း ဆက်ပိတ်ထား မှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော မိသားစု ကာရာအိုကေ လုပ်ငန်းများ အပြင် အဆိုရှင်မိန်ကလေးများ ခေါ်ယူနိုင်သော တရားမဝင် KTV လုပ်ငန်းများလည်း ရှိနေပြီ KTV ဆိုင် အချို့မှာ လတ်တလောတွင် တရားမဝင် ဖွင့်လှစ်မှုများ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About