ကျောက်တလုံးကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် မူကြိုကျောင်းနှင့် လူနေအိမ်အချို့ ခေါင်မိုးများ ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

ကျောက်တလုံးကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် မူကြိုကျောင်းနှင့် လူနေအိမ်အချို့ ခေါင်မိုးများ ပျက်စီး


ခွန်အာကာ (ကျောက်တလုံးကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် မေလ ၂၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် မူလတန်းကြိုကျောင်း တစ်ကျောင်းနှင့် လူနေအိမ်အချို့ ခေါင်မိုးများ ပျက်စီးခဲ့ ကြောင်း သိရသည်။
.
 
.
ပျက်စီးခဲ့သည့် မူလတန်းကျောင်းမှာ နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာမှ ပညာရင်သွေး နေ့ကလေးထိန်း ကျောင်းဖြစ်ပြီး တခေါ့မွူးကျေးရွာမှ လူနေအိမ် ၄ လုံးသည်လည်း အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါလေပြင်းကြောင့် ပညာရင်သွေးနေ့ကလေးထိန်းကျောင်း သွပ်မိုး၊ ထရံကာ(၄၈ပေ ၁၈ ပေ) နှစ်ထပ် အဆောက်အဦ တစ်လုံးနှင့် နောင်ပစ်ကျေးရွာအုပ်စု၊ တခေါ့မွူးကျေးရွာတွင် သွပ်မိုး၊ ထရံကာ တစ်ထပ်အဆောက်အဦ ၂ လုံး၊ သွပ်မိုး၊ ထရံကာ ၂ ထပ်အဆောက်အဦ ၂ လုံး ခေါင်မိုးလန် ပျက်စီးဆုံးရှုံးခဲ့ပြီး စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၅၉၀၀၀၀ ကျပ် ရှိကာ လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About