စုလှိုင်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ-လွိုင်မွေ သွားကားလမ်းပေါ်တွင် မေလ ၉ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၉ ရက်၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေ သွားကားလမ်းတွင် ကျိုင်းတုံဘက်မှ လွိုင်မွေဘက်သို့ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာနေ မနာထီး (၂၁ နှစ်) စီးနင်းမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော မိန်းမကိုင်ပိုက်ဆံအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ တန်ဖိုးငွေကျပ် ၂၀ သိန်း အား တွေ့ရှိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ မနာထီး (၂၁ နှစ်) အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Home
ကျိုင်းတုံ
မှုခင်း
ရှမ်းရှေ့သတင်းများ
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Tags
# ကျိုင်းတုံ
# မှုခင်း
# ရှမ်းရှေ့သတင်းများ
Share This
About Unknown
ရှမ်းရှေ့သတင်းများ
Tags
ကျိုင်းတုံ,
မှုခင်း,
ရှမ်းရှေ့သတင်းများ