ကျိုင်းတုံတွင် စည်ပင်ရေ မလုံလောက်သဖြင့် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, May 27, 2020

ကျိုင်းတုံတွင် စည်ပင်ရေ မလုံလောက်သဖြင့် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဖြန့်ဝေပေးလျက် ရှိသော သောက်သုံးရေ မလုံလောက်သဖြင့် ရပ်ကွက်အချို့တွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
.
.
“ကျွန်မတို့ ရပ်ကွက်မှာ ရေကမလာ၊ မီးက မမှန်နဲ့ တော်တော်ဒုက္ခရောက်ပါတယ်။ ရေမရှိတော့ ပိုပြီး အခက်အခဲဖြစ် လို့ ရေတော့ အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်” ဟု ကျိုင်းတုံဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။
.
ကျိုင်းတုံမြို့ပေါ် ရပ်ကွက်များသို့ စည်ပင်သာယာရေးဌာနမှ ဖြန့်ဝေပေးနေသည့် သောက်သုံးရေအား ပန်ကြူကျေးရွာ အုပ်စုရှိ နမ့်ကွီရေချောင်းမှ သွယ်ယူခြင်းဖြစ်သဖြင့် ယခုအခါ ချောင်းရေထွက်အား နည်းသဖြင့် ရေပေးဝေရန် အခက် အခဲဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒီနှစ်နွေရာသီမှာ ပူပြင်းပြီး ချောင်းရေထွက်အားက နည်းနေပါတယ်။ အခုလိုအချိန်မှာ ပြည်သူတွေရဲ့ ရေသုံးစွဲမှု လိုအပ်ချက်က ပိုလိုအပ်လာတော့ အဆင်ပြေအောင် ကျွန်တော်တို့ ဌာန ဝန်ထမ်းတွေက ကြိုးစားနေပါတယ်” ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ဦးရဲထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနသည် ရေသုံးစွဲမှုအတွက် ရပ်ကွက်နေ ပြည်သူများထံမှ ရေတစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး ယခုအခါ သောက်သုံးရေ မလုံလောက်သဖြင့် ပြင်ပပုဂ္ဂလိက ရေရောင်းချ သူများထံမှ တစ်ထမ်းလျှင် ၃၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲနေရပြီး ငွေကြေးကုန်ကျမှု အပြင် ရေဝယ်ယူရရှိရန်အတွက် စောင့်ဆိုင်းရမှုများ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About