ကျိုင်းတုံမြို့မဈေးအနီးရှိ လမ်းဆုံမီးပွိုင့်နေရာတွင် တစ်လမ်းမောင်းစနစ် ဖျက်သိမ်းပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ကျိုင်းတုံမြို့မဈေးအနီးရှိ လမ်းဆုံမီးပွိုင့်နေရာတွင် တစ်လမ်းမောင်းစနစ် ဖျက်သိမ်းပေးရန် ဒေသခံများ လိုလား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးအနီးရှိ လမ်းဆုံမီးပွိုင့်နေရာတွင် ဈေးအနောက်ဘက်လမ်းအား တစ်လမ်း မောင်းစနစ် သတ်မှတ်ထားခြင်းကို ဖျက်သိမ်းပေးစေလိုသည်ဟု ဒေသခံများထံက သိရသည်။
.
 
.
ယင်းကဲ့သို့ တစ်လမ်းမောင်းစနစ်ဖြင့် ပိတ်ပင်ထားသော လမ်းသည် မြို့မဈေးဘက်ခြမ်းသို့ ရောက်နေသည့် ယာဉ်များ အား တာချီလိတ်လမ်းဘက်သို့ ထွက်ခွင့်မပြုသည့်အတွက် နောက်ကြောင်းပြန်၍ ကွေ့ပတ်သွားလာနေရသဖြင့် အချိန် ကုန်ပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေရသည်ဟု ဒေသခံ ယာဉ်မောင်းများထံက သိရသည်။
.
“မီးပွိုင့်တပ်ထားတဲ့ လမ်းလေးဆုံနေရာကို ဈေးဘက်ကနေ ပြန်မထွက်ဖို့ တစ်လမ်းမောင်းစနစ်နဲ့ ပိတ်ထားတာက မဖြစ်သင့်ပါဘူး။ မီးပွိုင့်က ရပ်ကြည့်သွား ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလမ်းဆုံနေရာမှာ ယာဉ်ထိန်းရဲတစ်ယောက်ကို တာဝန်ချထားတော့ ပြည်သူတွေ သွားလာမှု လွယ်ကူစေရေးအတွက် ဖွင့်ပေးသင့်ပါတယ်” ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ အမှတ် (၁၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဝင်းဇော်ဟန်က “မီးပွိုင့်ရှိနေလို့ ဈေးဘက်က အထွက်လမ်းကို ဖွင့်ပေးလိုက်မယ်ဆိုရင် ကုန်တင်ကားကြီးတွေပါ ထွက်ရင် လမ်းပိတ်ဆို့မှု ပိုဖြစ်နိုင်ပါတယ်။ ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်ပြီးသွားလို့ ကုန်တင်ကားကြီးတွေ မဝင်ရ ဖြစ်သွားရင်တော့ အဲဒီဈေး အနောက်ဘက်လမ်းကို တစ်လမ်းမောင်းစနစ်ကနေ ပယ်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင်း၌ ကုန်တင်ကားကြီးများ မဝင်ရန် သတ်မှတ်ထားသည့် လမ်းများ ရှိနေသော်လည်း စည်းကမ်း လိုက်နာမှု အားနည်းနေပြီး ယင်းကုန်တင်ယာဉ်များ ဝင်ထွက်သွားလာမှုကြောင့် လမ်း၏ ခံနိုင်ဝန်အားကို ထိခိုက် ပျက်စီးစေနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About