ကျိုင်းတုံတွင် တာဝန်ဖြင့် ခရီးသွားမည့် ဝန်ထမ်းများ၏ ကျန်းမာရေးထောက်ခံစာအတွက် ငွေကြေးတောင်းခံမှုများ ရှိနေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, May 29, 2020

ကျိုင်းတုံတွင် တာဝန်ဖြင့် ခရီးသွားမည့် ဝန်ထမ်းများ၏ ကျန်းမာရေးထောက်ခံစာအတွက် ငွေကြေးတောင်းခံမှုများ ရှိနေ ဟုဆို


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် တာဝန်ဖြင့် ခရီးသွားမည့် နိုင်ငံ့ ဝန်ထမ်းများ၏ ကျန်းမာရေးထောက်ခံစာအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု ငွေပေးခဲ့ရသူတစ်ဦးက ပြော သည်။
.
.
“ဝန်ထမ်းအချင်းချင်းအပေါ်မှာ ဒီလို မလုပ်သင့်ပါဘူး။ ဌာနတာဝန်နဲ့ ခရီးသွားမှာဖြစ်ပြီး ဌာနကလည်း ကျန်းမာရေး ထောက်ခံစာ ပါရမယ်လို့ ညွှန်ကြားလို့ပါ” ဟု အဆိုပါ ငွေကြေးပေးခဲ့ရသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ကျန်းမာရေးထောက်ခံစာရယူ၍ ဌာနတာဝန်ဖြင့် ခရီးသွားကြမည့် ဝန်ထမ်းများထံမှ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ရုံးတံဆိပ်နှင့် လက်မှတ်ပါဝင်သော ကျန်းမာရေးထောက်ခံစာ တစ်စောင်လျှင် ငွေကျပ် ၂၀၀၀ တောင်းခံလျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က “ကျန်းမာရေးထောက်ခံစာအတွက် တရားဝင်ငွေကြေးတောင်းခံခွင့် မရှိပါဘူး။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ မှန် မမှန်တော့ စိစစ်ရပါမယ်” ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏ ဒုတိယပြည်နယ်အဆင့် ရုံးစိုက်ရာမြို့တော်ဖြစ်ရာ ဒေသခံအပြင် ဒေသခံမဟုတ်သော နိုင်ငံ့ဝန်ထမ်းအများအပြား နေထိုင်ကြပြီး ဌာနဆိုင်ရာကိစ္စနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများ အတွက် လေကြောင်းနှင့် မော်တော်ယာဉ်ဖြင့် မကြာခဏ ခရီးသွားရောက်ရမှုများ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About