ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်တွင် COVID-19
ကူးစက်ရောဂါ ကာကွယ်ရေးကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် ရိက္ခာ
၅ မျိုး မရရှိသည့် ကျေးရွာများသို့ ပရဟိတစေတနာရှင်များမှ စုပေါင်းလှူဒါန်းမှုများ ပြုလုပ်ခဲ့
ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့
နိုင်ငံတော်မှ ထောက်ပံ့သည့် ရိက္ခာမရရှိသည့် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စုရှိ
ဗေသလ ကျေးရွာသို့ ယနေ့ မေလ ၁ ရက်တွင် အလှူရှင်များက အိမ်ထောင်စု ၅၈ စုအတွက် တစ်အိမ်ထောင်လျှင်
၄၅၀၀ ကျပ် တန်ဖိုးရှိသော စားဆီ၊ ဟင်းချိုမှုန့်၊ ငါးခြောက်၊ ဗလာချောင်ကြော်နှင့် ဆားတို့ကို
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကျွန်မကို
ဗေသလရွာကနေ ဖုန်းဆက်အကူအညီတောင်းလာပါတယ်။ ရွာထဲကို လူစိမ်းဝင်မရသလို တခြားရွာတွေကို
လည်း သွားဖို့ခက်ခဲလို့ ဆန်ရှိပေမဲ့ တခြားစားနပ်ရိက္ခာ အခက်အခဲရှိတယ်ဆိုလို့ အွန်လိုင်းပေါ်ကနေ
အလှူခံလို့ ရထားတဲ့ ငွေနဲ့ အခုလို လာလှူတာဖြစ်ပါတယ်” ဟု လှူဒါန်းမှုအား ဦးဆောင်သူ ဒေါ်ချစ်ဖူးငုံက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ကျွန်မတို့ရွာမှာ
ဆင်းရဲ့တဲ့သူ၊ လယ်မရှိတဲ့သူနဲ့ လယ်ရှိပြီး မစားလောက်တဲ့အိမ်တွေ များပါတယ်။ နိုင်ငံတော်ကနေ
ထောက်ပံ့ပေးတဲ့ ရိက္ခာကို တစ်အိမ်မှ မရကြပါဘူး” ဟု ဗေသလကျေးရွာတွင် နေထိုင်သူတစ်ဦးကလည်း
ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင်
မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၁ အုပ်စုရှိပြီး နိုင်ငံတော်အစိုးရ၏ COVID-19 ကူးစက် ရောဂါ
ကြိုတင်ကာကွယ်ရေးကာလအတွက် ရိက္ခာ ၅ မျိုး ထောက်ပံ့မှုတွင် မရရှိသည့် ကျေးရွာများ ကျန်ရှိနေကြောင်း
ဒေသခံများထံက သိရသည်။
.
No comments:
Post a Comment