COVID-19 ကပ်ရောဂါ ဂယက်ကြောင့် ကျိုင်းတုံရှိ ဆိုင်ကယ်ပြုပြင်ရေးဆိုင်များ အခက်အခဲဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကပ်ရောဂါ ဂယက်ကြောင့် ကျိုင်းတုံရှိ ဆိုင်ကယ်ပြုပြင်ရေးဆိုင်များ အခက်အခဲဖြစ်နေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် COVID-19 ကပ်ရောဂါ ကူးစက်မှု ဂယက်ကြောင့် စိုက်ပျိုးရေး၊ ကုန်သွယ်ရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ကျဆင်းနေသည့်အပြင် ဆိုင်ကယ် ပြုပြင်ရေးလုပ်ငန်းများလည်း စီးပွားရေး ကျဆင်းပြီး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့နယ်အတွင်း နေထိုင်သည့် အိမ်ထောင်စုအများစုသည် သွားလာရေး အတွက် မော်တော်ဆိုင်ကယ် ကို အဓိကအားထား အသုံးပြုကြခြင်းဖြစ်ပြီး ယခင်က ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းများ ဖြစ်ထွန်းခဲ့သော်လည်း ယခု အခါ ရောဂါဂယက်ကြောင့် လုပ်ငန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော့်ဆိုင်ဆိုရင် ဝင်ငွေတစ်ဝက်မက ကျသွားပါတယ်။ အခု ရွာရော၊ မြို့ရော အသွားအလာ သိပ်မရှိ တော့ဘူး။ ကျွန်တော့် ဆိုင်ကယ်ပြင်ဆိုင်အတွက် အခန်း ၂ ခန်း ငှားထားတာ အခု ပိုင်ရှင်ကို တစ်ခန်း ပြန်အပ် လိုက်ပါတယ်။ စားဖို့တောင် အနိုင်နိုင်ဆိုတော့ ဆိုင်ခန်းငှားခ မတတ်နိုင်တော့ဘူး” ဟု ကျိုင်းတုံမြို့ရှိ ဆိုင်ကယ် ပြုပြင်ရေးဆိုင်ရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဒေသန္တရအမိန့်များ ထုတ်ပြန်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats