ကျိုင်းတုံဆေးရုံမှ လူနာအမှတ် (၉၆) ၏ ဓါတ်ခွဲ အဖြေတွင် ၂ ကြိမ်ဆက် ပိုးမတွေ့တော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံဆေးရုံမှ လူနာအမှတ် (၉၆) ၏ ဓါတ်ခွဲ အဖြေတွင် ၂ ကြိမ်ဆက် ပိုးမတွေ့တော့


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသော COVID-19 ပိုးတွေ့ အတည်ပြုလူနာအမှတ် (၉၆) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့သည့်အတွက် Hospital Quarantine ၁၄ ရက် နေထိုင်လျက်ရှိကြောင်း သိရသည်။
.
 
.
“သူ့ရဲ့ ဓါတ်ခွဲအဖြေက ၂ ကြိမ် ဆက်တိုက် Negative ထွက်ပါတယ်။ ဆေးရုံတော့ ဆင်းခွင့်မပြုသေးပါဘူး။ ဆေးရုံမှာ ပဲ အခန်းပြောင်းပြီး Hospital Quarantine ဆက်ထား ထားပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ် (၉၆) သည် တာချီလိတ်မြို့မှ အသက် ၄၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပိုးတွေ့အတည်ပြု လူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၉ ရက်၊ နံနက် ၇ နာရီ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြု လူနာ ၃ ဦး ရှိပြီး ၎င်းတို့မှာ မိုင်းဖြတ်မြို့မှ လူနာအမှတ်(၆၄) ဖြစ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား၊ တာချီလိတ်မြို့မှ လူနာအမှတ်(၉၆) ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသားနှင့် လူနာအမှတ် (၁၁၂)ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်သည်
.

Journal Download

Photo of three cats