လူနာအမှတ် (၆၄) အပါအဝင် ရှမ်းရှေ့မှ ၄၄ ဦး၏ ဓါတ်ခွဲအဖြေများ ယနေ့ည သိရှိရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

လူနာအမှတ် (၆၄) အပါအဝင် ရှမ်းရှေ့မှ ၄၄ ဦး၏ ဓါတ်ခွဲအဖြေများ ယနေ့ည သိရှိရမည်


စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာ အမှတ် (၆၄) အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာ ၄၄ ခု၏ အဖြေများ ယနေ့ မေလ ၃၀ ရက်၊ ညပိုင်းတွင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
 
.
"လူနာအမှတ် (၆၄) ရဲ့ အဖြေက မထွက်သေးဘူး။ စောင့်ကြည့်လူနာ လောလောဆယ် ကျိုင်းတုံဆေးရုံကြီးက ပို့ထားတာ ၃ ယောက်ရှိတယ်။ အားလုံးအခြေအနေ ကောင်းပါတယ်။ စုစုပေါင်း ရှမ်းရှေ့က ၄၄ ယောက် မနေ့က ညနေမှ ရန်ကုန်ကို ရောက်သွားတယ်။ ဒီနေ့ ည သိရမယ် ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ COVID- 19 အရေးပေါ်တုံ့ပြန်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID -19 လူနာ အမှတ် (၆၄) ကို ၇ ကြိမ်မြောက်စစ်ဆေးခဲ့ရာ ၄ ကြိမ်မြောက်၊ ၅ ကြိမ်မြောက်နှင့် ၆ ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးတွေ့ရပြီး ၇ ကြိမ်မြောက် ဓါတ်ခွဲနမူနာတွင် ပိုးမတွေ့ရတော့ သဖြင့် ယခု ၈ ကြိမ်မြောက်အဖြစ် ဓါတ်ခွဲနမူနာ ပေးပို့ထားခြင်းဖြစ်ပြီး ၂ ကြိမ်ဆက် ပိုးမတွေ့ပါက ဆေးရုံမှ ဆင်းခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
.
COVID-19 အတည်ပြုလူနာ အမှတ် (၆၄) သည် မိုင်းဖြတ်မြို့မှ အမျိုးသားဖြစ်ပြီး ဧပြီလ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ပထမဆုံး COVID-19 ပိုးတွေ့လူနာလည်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About