စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ တပ်မတော် ဆေးရုံတွင်
အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL) မှ ခွင့်ပြုပါက COVID-19 ရောဂါပိုး စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။
.
.
"NHL ဆီက ခွင့်ပြုချက် ယူရဦးမယ်။ အခုစက်တွေကတော့ ရောက်ပြီ။
တပ်မတော် ဆေးရုံမှာ ထားထားတယ်။ NHL ကနေ QC စစ်ဆေးချက်ရပြီးသား စစ်ဆေးချက် တစ်ခေါက်
ပြန်လုပ်ဦးမယ်။ ပြီးတော့ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးကနေ ကျန်းမာရေးဝန်ကြီးဌာနကို
တင်ပြီးတော့ ခွင့်ပြုချက်ယူပြီးမှ ကူညီပေးလို့ရမှာ။ အကုန်လုံး စစ်ဆေးဖို့ ရှိတယ်။ ခုတော့
တိုင်းမှူး ကနေတစ်ဆင့်တော့ ပြောထားပြီးပြီ”ဟု ကျိုင်းတုံခရိုင်
အုပ်ချူပ်ရေးမှူး ဦးဝင်းမင်းသိန်းမှ ကမ္ဘောဇတိုင်း သို့ ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မှ ဓာတ်ခွဲနာမူနာ များကို ရန်ကုန်သို့
ပို့ဆောင်ရာတွင် ခရီးကွာဝေးသောကြောင့် ကုန်ကျစရိတ် များပြားသဖြင့် ကျန်းမာရေးဌာနမှ
အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
"NHL က ခွင့်ပြုတယ်။ ဒီမှာပဲ စစ်မယ်။ Positive တွေ့ရင်
NHL ကို ပို့စစ်ရမဲ့ သဘောရှိတယ်။ ဒီမှာ စစ်နိုင်ရင် နိုင်ငံ တော်က ခွင့်ပြုရင် ကောင်းတာပေါ့။
ဓာတ်ခွဲခန်း ပညာရှင် တွေရှိတယ်။ တပ်ဘက်မှာက ဓာတ်ခွဲခန်း ပါရဂူရှိတယ်။ တပ်ဘက်က စစ်ဖို့
များတယ် ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ဓါတ်ခွဲခန်းအခြေအနေနှင့် ပတ်သက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်
ပြောရေးဆိုခွင့်ရှိသူထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း
မရှိခဲ့ချေ။
.
COVID-19 ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက်
လူအမြောက်အများကို ရောဂါပိုးရှိမရှိ တစ်ပြိုင်နက် စစ်ဆေး နိုင်သည့်
စက်များကို နေပြည်တော်နှင့် ရန်ကုန်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်
တပ်မတော် အစီအစဉ်ဖြင့် ထားရှိ သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က
သတင်းထုတ်ပြန်ထားသည်။
.