ကျိုင်းတုံတွင် ပြည်တော်ပြန်များ ကူညီကြေးနှင့် ကင်းစောင့်ကြေး ကောက်ခံသည်ဟု လူမှုကွန်ရက်၌ ရေးသားမှုနှင့် ပတ်သက်၍ ရှင်းလင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ပြည်တော်ပြန်များ ကူညီကြေးနှင့် ကင်းစောင့်ကြေး ကောက်ခံသည်ဟု လူမှုကွန်ရက်၌ ရေးသားမှုနှင့် ပတ်သက်၍ ရှင်းလင်း

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းစံရပ်၌ ပြည်တော်ပြန်များအား ကူညီသည့် ကြေးနှင့် ကင်းစောင့်ကြေး အဖြစ် တစ်အိမ်လျှင် ၅၀၀၀ ကျပ် ကောက်ခံနေသည်ဟု ကျိုင်းတုံဟစ်တိုင် လူမှုကွန်ရက်တွင် Sai Seng အကောင့်မှ ရေးသားမှုသည် မဟုတ်မှန်ကြောင်း အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှုးများနှင့် ဒေသခံများမှ မေလ ၃ ရက်က တွေ့ဆုံ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိသည်။
.

“ ကျွန်တော် ဘယ် ရာအိမ်မှူး ဆယ်အိမ်မှူးကိုမှ ခုရေးတင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငွေ ကောက်ခိုင်းထားတာ မရှိပါဘူး။ ရာအိမ်မှူး ဆယ်အိမ်မှူးတွေကို ဘယ်သူပဲ ဖြစ်ဖြစ် တွေ့ပြီး မေးကြည့်နိုင်ပါတယ်။” ဟု အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံဟစ်တိုင် လူမှုကွန်ရက်၌ Sai Seng အကောင့်ပိုင်ရှင်မှ မေလ ၂ ရက်တွင် “ ကျိုင်းစံရပ်မှာ ရွာစာရေး ကိုအုပ်ကြီးက ကောက်ခိုင်းတာ ပြည်တော်ပြန်တွေကို ကူညီတဲ့ကြေးနဲ့ ကင်းကြေးတဲ့ ညနေ 4:30 တုန်းက လာကောက်တာ တစ်အိမ် 5000 အခုလို ကပ်ဘေးကြုံတဲ့ အချိန်မှာ လုပ်စားနေတာ ဘယ်က ကောက်ခိုင်းတာလဲ မေးတော့ ရပ်ကွက်(၃) အုပ်ကြီး ကောက်ခိုင်းတယ်လို့ ပြောတယ်” ဟု ရေးသား ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
.

ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းစံရပ်တွင် အိမ်ခြေ ၄၀ နှင့် လူဦးရေ ၃၀၀ ကျော် နေထိုင်လျက် ရှိပြီး ဒေသခံများမှာ အိမ်တွင်းမှု ထုတ်ကုန်လုပ်ငန်း ၊ ကုန်မျိုးစုံ ရောင်းချခြင်းနှင့် လျှပ်စစ်ပစ္စည်း ရောင်းဝယ် ပြုပြင်တပ်ဆင်ရေး လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း သိရသည်။
.

Journal Download

Photo of three cats