ကျောက်မဲတွင် အမျိုးသမီး ၂ ဦး အသတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် အမျိုးသမီး ၂ ဦး အသတ်ခံရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ ဖလိန်ကျေးရွာ အနောက်ဘက် လက်ဖက်ခြံအတွင်း မေလ ၁၈ ရက်၊ နံနက်ပိုင်းက အမျိုးသမီးကြီး ၂ ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲ မြို့မရဲစခန်းမှ သိရသည်။
.
 
.
ကျောက်မဲမြို့နယ်၊ ဖလိန်ကျေးရွာနေ ဒေါ်အေးယိင်း (၆၀ နှစ်) နှင့် ဒေါ်အေးထွေး (၅၈ နှစ်) တို့ ၂ ဦးသည် မေလ ၈ ရက်၊ နံနက် ၈ နာရီခန့်က ကျေးရွာအနောက်ဘက် ၃ ဖာလုံခန့်အကွာ လက်ဖက်ခြံရှိ ယာစောင့်တဲအတွင်း ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေါ်အေးယိင်း၏ သားဖြစ်သူထံသို့ ကျွဲကုန်းကျေးရွာနေ သူငယ်ချင်းတစ်ဦးက လာရောက် အကြောင်းကြားသဖြင့် ဆွေးမျိုးများအား ခေါ်ယူကာ သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်အေးယိင်းတွင် ယာနားထင် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ယာဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်း ဝဲဘက် နောက်စေ့ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းထက် ပေါက်ပြဲဒဏ်ရာ ၂ ချက်နှင့် ဒေါ်အေးထွေးတွင် ဝဲပါး ညိုမဲ ဒဏ်ရာတစ်ချက်၊ ဦးခေါင်းဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ တစ်ချက် တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဒေါ်အေးယိင်းနှင့် ဒေါ်အေးထွေးတို့ အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား စစ်ဆေးဖော်ထုတ်နိုင်ရန် ကျောက်မဲမြို့မရဲစခန်းမှ (ပ) ၅၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.

Journal Download

Photo of three cats