ကလောတွင် အမျိုးသားတစ်ဦး အရက်အမူးလွန် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် အမျိုးသားတစ်ဦး အရက်အမူးလွန် သေဆုံး


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၉)ရပ်ကွက်၊ ဒညင်းကုန်းခြံတွင် မေလ ၁၂ ရက် ညပိုင်းက အမျိုးသား တစ်ဦး အရက်အမူးလွန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
ကလောမြို့၊ အမှတ်(၉)ရပ်ကွက်နေ ကိုအောင်ကျော်စိုး (ခ) ပုံဆိုး သည် မေလ ၁၂ ရက်၊ ညနေပိုင်းက တစ်ရပ်ကွက် တည်းနေ ဦးမြင့်လွင်နှင့် ဒေါ်စန်းရင်တို့၏ နေအိမ်သို့ လာရောက်၍ အရက်အတူသောက်ရန် ဦးမြင့်လွင်နှင့်အတူ ထွက်ခွာသွားခဲ့ပြီး ည ၉ နာရီခန့်တွင် အရက်မူးကာ ပြန်လည်ရောက်ရှိလာပြီး နေအိမ်ခြေရင်းရှိ သစ်ပင်ရိပ် အောက်တွင် အိပ်နေရာ ဒေါ်စန်းရင်မှ နှိုး၍ အိမ်ပေါ်သို့ တက်အိပ်ရန် ပြောဆိုရာ ကိုအောင်ကျော်စိုး မှ ဘုရားစင် ရှေ့တွင် သွားရောက်အိပ်စက်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် မေလ ၁၃ ရက်၊ နံနက် ၄ နာရီခန့်တွင် ဒေါ်စန်းရင်သည် နေအိမ်ခြံဝန်းအတွင်း သစ်ပင်များစိုက်ပျိုးပြီးနောက် ကိုအောင်ကျော်စိုးအား နှိုးရာ နှိုးမရဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်။ အမှတ်စဉ် ၉/၂၀၂ဝနဲ့ စစ်ဆေးနေပါတယ်” ဟု ကလောမြို့မှ ရဲစခန်းမှ ရဲအုပ် လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူသည် ဦးမြင့်လွင်တို့၏ နေအိမ်တွင် လွန်ခဲ့သော ၃ လခန့်မှစ၍ လာရောက်နေထိုင်ခဲ့ကာ ဦးမြင့်လွင်နှင့်အတူ နေ့စဉ်နီးပါး အရက်အတူတူ သောက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ကလောမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၉/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats