အောင်ပန်းတွင် ငွေကျပ် ၃၈ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 31, 2020

အောင်ပန်းတွင် ငွေကျပ် ၃၈ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ

မင်း​ဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ငွေကျပ် ၃၈ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာ အဖက်တမင်း)များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

ပူးပေါင်းအဖွဲ့သည် မေလ ၂၄ ရက်၊ နံနက် ၂ နာရီခန့်က လွိုင်လင်မြို့၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး သွား ကားလမ်းတွင် ICE(မက်သာအဖက်တမင်း) ၁၆၁၅ ကီလိုကို တရားခံ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အမှုမှ တရားခံများအား စစ်ဆေးချက်အရ ဖမ်းဆီးရမိသည့်မော်တော်ယာဉ်နှင့်အတူ အလားတူ ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ် ၁ စီး၊ စုစုပေါင်း ယာဉ် ၂ စီးဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင်သယ်ယူလာကြောင်း ပေါ်ပေါက်သဖြင့် ပူးပေါင်းအဖွဲ့မှ စိစစ်ရှာဖွေ ဖော်ထုတ်ခဲ့ရာ မေလ ၂၉ ရက်၊ ​နေ့လယ် ၁ နာရီခန့်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလော သွားကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်အား ဇော်မင်းထွေး(ခ) ကျားပေါက်နှင့်အတူ တွေ့ရှိပြီး ၎င်းမော်တော် ယာဉ်အတွင်းမှ ICE (မက်သာအဖက်တမင်း) ၁၅၃၄ ကီလို၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိမှု ဖြစ်စဉ် ၂ ခုတွင် ICE (မက်သာအဖက်တမင်း) စုစုပေါင်း အလေးချိန် ၃၁၄၉ ကီလို၊ တန်ဖိုးငွေကျပ် ၇၈ ဒသမ ၇၂၅ ဘီလီယံကို သိမ်းဆည်းရမိခဲ့ပြီး တရားခံ ၈ ဦး ဖော်ထုတ် ရရှိသည့်အနက် တရားခံ ၄ ဦးအား ဖမ်းဆီးရမိပြီး တိမ်းရှောင် တရားခံ ၄ ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း CCDAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
.
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်ဇော်မင်းထွေး(ခ) ကျားပေါက်အား အောင်ပန်းနယ်မြေရဲစခန်းမှ မယ(ပ) ၈/၂၀၂၀ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် ဖမ်းဆီး စစ်ဆေး​နေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About