.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ရေရှားပါးသော ပေါင်လင်း ကျေးရွာအုပ်စု၊ ဝမ့်အွန်ကျေးရွာသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မေလ ၅ ရက်၊ ညနေပိုင်းတွင် ရေဂါလံ ၈၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
.
.
"ဝမ့်အွန်ကျေးရွာက ဟိုပုံးမြို့နဲ့ ၈ မိုင်လောက်ဝေးပြီး သောက်သုံး ရေရှိရေးအတွက် ကျေးရွာရေထွက်ရှိတဲ့ နေရာကို ၂ မိုင် လောက် သွားသယ်ရပါတယ်" ဟု ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ် က ပြောကြားသည်။
.
ဝမ့်အွန်ကျေးရွာတွင် အိမ်ခြေ ၈၈ အိမ်၊ လူဦးရေ ၃၉၆ ဦးရှိပြီး၊ တောင်ယာလုပ်ငန်းကိုသာ အဓိကအားထားနေ ရသူများ ဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်းနွေရာသီကာလတွင် သောက်သုံးရေလုံလောက်စွာရရှိနိုင်ရေး အခက်အခဲကြုံ နေရသောကြောင့် ယခုလိုလာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကျေးရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထျာရယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က သောက်သုံးရေများ ပေးဝေခဲ့ ကြောင်းသိရသည်။
.