နန်းဝင်းရီ
.
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင်
မေလ ၁၁ ရက် နံနက်ပိုင်းအထိ ညအမိန့် ကို ချိုးဖောက်သူ မရှိသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနန်းတင့်က ပြောဆိုခဲ့သည်။
.
.
"ဟိုပုံးမြို့မှာက ညအမိန့် ချိုးဖောက်သူ မရှိဘူး"ဟု ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနန်းတင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်၍ ဟိုပုံးဒေသခံ တစ်ဦးက
"ညညတော့ ဆိုင်ကယ်သံတော့ ကြားနေရတယ်။ မရှိဘူးလို့ပြောတာတော့ အံ့သြမိတယ်။ သူတို့
မဖမ်းတာလားတော့ မသိဘူးပေါ့" ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး၌ COVID-19 ကပ်ရောဂါ
ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ညမထွက်ရအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှ စတင်၍
ထုတ်ပြန်ထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အပါအဝင် မြို့များတွင်
အမိန့်အား ဖောက်ဖျက်ကျူးလွန်သူများကို အရေးယူမှုများ ရှိနေသော်လည်း ဟိုပုံးတွင် အရေးယူမှုများ
မရှိသေးခြင်းဖြစ်ကြောင်း သိရသည်။
.