ကျန်းမာရေးစည်းကမ်းချက်များနှင့် ကိုက်ညီသည့် ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ် ၉၁ လုံး ပြန်လည်ဖွင့်လှစ်ခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ကျန်းမာရေးစည်းကမ်းချက်များနှင့် ကိုက်ညီသည့် ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ် ၉၁ လုံး ပြန်လည်ဖွင့်လှစ်ခွင့်ရ


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ကျန်းမာရေး စည်းကမ်းထုတ်ပြန်ချက်များနှင့် ကိုက်ညီမှုရှိသည့် ဟိုတယ် ၉၁ ခုအား မေလ ၂၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
"စစ်ပြီး အတည်ပြုလက်မှတ် ရရှိခဲ့တဲ့ ဟိုတယ် ၉၁ လုံးက မေလ ၂၆ ရက်မှာ ဖွင့်ခွင့်ရမှာပါ စစ်နေတဲ့ ဟိုတယ် တွေလည်း ရှိသေးတယ်” ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘေဇတိုင်း သို့ ပြောသည်။
.
ဟိုတယ်နှင့်တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်လိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများလိုက်နာရန် စည်းကမ်းချက်များနှင့် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လိုက်နာရန်အချက်များကို ကြိုတင်ပြင်ဆင် ထားကြရမည် ဖြစ်ကြောင်း သိရသည်။
.
ပြန်လည်ဖွင့်လှစ်ခွင့်ရသည့် ဟိုတယ်များမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၅၁ လုံး ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ၁၁ လုံး နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ၂၉ လုံး စုစုပေါင်း ၉၁ လုံး တို့ဖြစ်ပြီး အခြား ဟိုတယ်များကိုလည်း ဖွင့်လှစ်ခွင့် ရရှိနိုင်ရေး အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါ‌ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ရယူထားသော ဟိုတယ်နှင့်တည်းခိုရိပ်သာများအားမေလ ၁၅ ရက်အထိယာယီ ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားထားခဲ့ကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About