လောက်ကိုင်တွင် Home Gardening အကောင်အထည်ဖော်ရန်အတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာထုပ်များ အခမဲ့ ထောက်ပံ့ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောက်ကိုင်တွင် Home Gardening အကောင်အထည်ဖော်ရန်အတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာထုပ်များ အခမဲ့ ထောက်ပံ့ ပေးအပ်


သက်ဆွေဦး(စိုက်ပညာ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ပေါ် ရပ်ကွက်များရှိ အိမ်ထောင်စုများသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများက မေလ ၁၆ ရက်တွင် ဟင်းသီးဟင်းရွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် ပညာပေးလက်ကမ်းစာစောင်များအား အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးကျောက်တယ်ချန်းမှ ယခုအချိန်တွင် COVID-19 ကပ်ရောဂါဆိုးသည် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့တစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်လျက်ရှိရာ ရောဂါ မကူးစက်စေရန် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း လိုက်နာ နေထိုင်ရန် လိုအပ်ပြီး ပြည်သူများ ဘေး အန္တရာယ် ကင်းရှင်း၍ လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များ စားသုံးနိုင်‌စေရန် ၊ စားသုံးသီးပင်များ၊ မိမိ အိမ်ခြံဝင်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိခြင်းဖြင့်  လူဦးရေ ထူထပ်သည့် စျေးများသို့ သွား​ရောက် ဝယ်ယူခြင်းကို လျှော့ချနိုင်ရန်၊  အာဟာရ ပြည့်ဝသော ဟင်းသီး ဟင်းရွက်များကို အိမ်တွင် နေထိုင်၍ စိုက်ပျိုး စားသုံးနိုင်စေခြင်းဖြင့် ကိုယ်လက် လှုပ်ရှား‌ခြင်းနှင့် ကျန်းမာပျော်ရွှင်မှုများ ရရှိကာ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.

လောက်ကိုင်မြို့နယ် Home Gardening လုပ်ငန်း အကောင်အထည်ဖော်ရေး‌ ဆောင်ရွက်‌ရေး အဖွဲ့သည် မေလ ၂၃ ရက်၊ ၃၀ ရက်နှင့် ဇွန်လ ၆ ရက်တို့တွင်လည်း ဟင်းသီး ဟင်းရွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် ပညာပေး လက်ကမ်းစာစောင်များအား အိမ်အရောက် အခမဲ့ ဖြန့်ဝေခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အိမ်ခြံ၀န်းအတွင်း ဟင်းသီး ဟင်းရွက် စိုက်ပျိုးလိုသူ ပြည်သူများအနေဖြင့် လိုအပ်ပါက Home Gardening လုပ်ငန်း လောက်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats