ရှမ်းပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးမှန်းခြေငွေစာရင်းအား လွှတ်တော်တွင် ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးမှန်းခြေငွေစာရင်းအား လွှတ်တော်တွင် ဆွေးနွေး


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့ကို ယနေ့ မေလ ၁၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အရအသုံးမှန်းခြေငွေစာရင်းအား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
.
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အရအသုံးမှန်းခြေ ငွေစာရင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးရှင်းလင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အထူး အစည်းအဝေး (၁/၂၀၂၀) ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
.
အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၉ ဦး ရှိ သည့်အနက် ၁၁၄ ဦး တက်ရောက်ပြီး ၂၅ ဦး ခွင့်ပန်ကြားကာ တက်ရောက်သူ ၈၂ ဒသမ ၀၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats