ရှမ်းပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းအား ရှမ်းလွှတ်တော်သို့ တင်သွင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းအား ရှမ်းလွှတ်တော်သို့ တင်သွင်း


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ပထမနေ့ကို ယနေ့ မေလ ၁၈ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းအား လွှတ်တော်သို့ တင်သွင်းခဲ့သည်ဟု သိရသည်။
.
 
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၁၅ ဦး တက်ရောက်ပြီး ပျက်ကွက်သူ ၂၄ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၂ ဒသမ ၇၃ ရာခိုင်နှုန်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ရှမ်းပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းအား လွှတ်တော်သို့ တင်သွင်းဆွေးနွေးခဲ့ကြောင်း  သိရသည်။
.
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးမှန်းခြေ ဘဏ္ဍာငွေစာရင်းတွင် ပြည်ထောင်စုမှ ရှမ်းပြည်နယ် ဘဏ္ဍာငွေအတွက် ထောက်ပံ့ငွေကျပ် ၂၈၂ ဒသမ ၀၄၆ ဘီလီယံနှင့် ရှမ်းပြည်နယ်၏ ရသင့်ရထိုက်သော အခွန် အကောက်များမှ ကောက်ခံရရှိငွေ ၅၇ ဒသမ ၉၃၄ ဘီလီယံ၊ စုစုပေါင်း ၃၃၉ ဒသမ ၉၈၀ ဘီလီယံ ရရှိထားပြီး အသုံးစရိတ် အနေဖြင့် သာမန်အသုံးစရိတ် ၁၁၂ ဒသမ ၅၆၇ ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ၂၂၇ ဒသမ ၃၂၃ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း သိရသည်။
.
ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီလေးချမ်း (ခ) ဦးညီညီ က မိုင်းယန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ကွယ်လွန်ခြင်း အတွက် ဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည်နယ်လွှတ်တော် ရေးရာ ကော်မတီ ၁၀ ခု သက်တမ်း တိုးမြှင့်ခြင်းအား လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
.
ယခု ကျင်းပနေသော ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် လွှတ်တော်တွင်း ကိုယ်စားလှယ်များအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ အစည်းအဝေးခန်းမအတွင်း ကိုယ်စားလှယ်များအား ထိုင်ခုံနေရာ ခြား၍ ထိုင်စေခြင်း၊ လွှတ်တော်အတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များအား ပိုးသတ်ဆေး ဖြန်းပေးခြင်း၊ လွှတ်တော် အဝင်/အထွက်နှင့် လွှတ်တော် ဧရိယာအတွင်း Social Distancing ထားရှိပေးခြင်း၊ လက်ဆေးစင်နှင့် လက်ဆေးဆပ်ပြာ၊ Hand Gel များ ထားရှိပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
.

Journal Download

Photo of three cats