ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ ၁၀ ရပ်ကွက်အား စားနပ် ရိက္ခာများ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ ၁၀ ရပ်ကွက်အား စားနပ် ရိက္ခာများ ဖြန့်ဝေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုအား ယနေ့ ‌မေလ ၂၅ ရက်၊ နံနက်ပိုင်းတွင် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
 
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ကမ္ဘောဇဘဏ် လီမိတက် နာယက၊ ကမ္ဘောဇဘဏ် ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဝင်များ၊ ပရဟိတ အဖွဲ့ဝင်များသည် တောင်ကြီးမြို့ပေါ်ရှိ မင်္ဂလာဦး၊ ရေအေးကွင်း၊ ဘုရားဖြူ၊ လမ်းမတော်၊ ကံရှေ့၊ စျေးပိုင်း၊ ဟော်ကုန်း၊ ကန်အောက်၊ မြို့မနှင့် ကံသာ ရပ်ကွက်များရှိ အိမ်ထောင်စုပေါင်း ၁၀၆၄ စုအား စားနပ်ရိက္ခာထုပ်ပေါင်း ၁၄၇၁ ထုပ် တို့ကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် မိသားစုဝင် ၄ ဦးနှင့် အောက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၁ ခုနှုန်းဖြင့် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သား၊ ကော်ဖီ တစ်ထုပ်စီနှင့် မိသားစုဝင် ၅ ဦးနှင့် အထက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၂ ခု နှုန်းဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေနှင့် စစ်ရှောင် စခန်းများရှိ တိုင်းရင်းသား ပြည်သူများ၊ COVID-19 အတည်ပြုလူနာများ၊ စောင့်ကြည့်လူနာများအား ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး စစ်ရှောင်စခန်းများရှိ တိုင်းရင်းသား ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းစီ ထပ်မံထည့်သွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About