ရှမ်းပြည်နယ်အတွင်းရှိ ငွေချေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် ခွင့်ပြုထားသော်လည်း လုပ်ငန်းများ စတင်ခြင်း မရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ ငွေချေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် ခွင့်ပြုထားသော်လည်း လုပ်ငန်းများ စတင်ခြင်း မရှိသေး


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အသေးစားငွေ​ရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏လုပ်ကိုင်ခွင့် လိုင်စင်ရယူပြီး အသေးစားငွေရေးကြေးရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများ လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် ဧပြီလ ၃၀ ရက်က ရှမ်းပြည်နယ် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန မှ ညွန်ကြားချက် ထုတ်ပြန်ထားသော်လည်း လုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။
.
.
"ချေးငွေရုံးက မစသေးဘူး။ မေလ ၁၅ ရက်နေ့မှ ပြန်ဖွင့်ပါမယ်။ ပြည်သူတွေက လုပ်ငန်းတွေလည်း အဆင်မပြေတော့ အခက်အခဲတော့ ရှိမှာပေါ့။ ပြန်စရင် သူတို့ လိုအပ်တဲ့ အရင်းပြန်ပြီး ထုတ်ပေးဖို့ ရှိတယ်။ ပုံမှန်အတိုင်းပဲ ထုတ်သွားဖို့ ရှိတယ်။ ငွေးရေးကြီးကြပ်ကော်မတီက စာထုတ်ထားတဲ့အတိုင်း လမ်းညွန်ချက်အတိုင်းပဲ သွားတယ် ချေးငွေ ကောက်တာတွေ မရှိဘူး ” ဟု Pact Myanmar မှ တောင်ကြီးမြို့နယ် မန်နေဂျာ ဦးအောင်ဖုန်းကျော်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယခုအခါ စိုက်ပျိုးရေး ရာသီဖြစ်၍ အရေးပေါ် ချေးငွေ လိုအပ်မှု၊ စုဆောင်းငွေများ ပြန်လည်ထုတ်ယူမှု၊ ဆန္ဒအလျောက် ချေးငွေ ပြန်လည်ပေးဆပ်မှု တို့ကို မိမိတို့ ရုံးများတွင် လူ ၅ ဦးထက် မပိုသည့် ဝန်ထမ်း များဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ညွန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာ ဒေသန္တရအုပ်ချူပ်ရေးအဖွဲ့များနှင့် ညှိနှိုင်း ပြီး ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရမှ ညွှန်ကြားထားသည်ဟု သိရသည်။
.
"အခုလောလောဆယ်တော့ လုပ်ငန်းတွေ ပြန်မစသေးဘူး။ ပိုက်ဆံပြန်ကောက်တဲ့အချိန်တော့ အခက်အခဲ ရှိမယ်ထင်တယ်” ဟု တောင်ကြီးမြို့ရှိ ပုဂ္ဂလိက ချေးငွေရုံး မှ ရုံးမန်နေဂျာ တစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ချေးငွေရုံးခွဲများ ပြန်လည်ဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့်အညီ ဝန်ဆောင်မှု ပေးရာတွင် အသင်းသားများအား ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးစင်များ ထားရှိခြင်း ၊ ပတ်ဝန်းကျင် ဆေးဖြန်းခြင်း၊ လူမူရေးအရ ဘေးကင်း အကွာအဝေးတွင် နေထိုင်သည့် (Social Distancing ) စနစ် ကျင့်သုံးခြင်း၊ တစ်ကြိမ်လျှင် အသင်းသားများ ၅ ဦးထက်ပို၍ စုစည်းခြင်း မပြုလုပ်ရန် စသည့် နည်းလမ်းများကို လိုက်နာကျင့်သုံး ‌ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats