အခြေခံပညာကျောင်းများ မဖွင့်လှစ်သေးသော်လည်း ကျူရှင်ခေါ်ယူ သင်ကြားမှုများ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

အခြေခံပညာကျောင်းများ မဖွင့်လှစ်သေးသော်လည်း ကျူရှင်ခေါ်ယူ သင်ကြားမှုများ ရှိနေ


စုလှိုင်
.
ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ဂယက်ကြောင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေနှင့် ပတ်သက်၍ အတိအကျ သိရှိရခြင်း မရှိသေးသော် လည်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အပါအဝင် မြို့နယ်အချို့တွင် ကျောင်းဆရာ/ဆရာမများမှ ကျူရှင် ခေါ်ယူ သင်ကြားမှုများ ရှိနေသည်ဟု သိရသည်။
.
 
.
“ကျောင်းတွေက ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူး။ ဆရာမက ကျူရှင်တက်ဖို့ ခေါ်နေပြီ။ မတက်မနေရ ပုံစံမျိုး ဖြစ်နေတယ်။ မထားပြန်ရင်လည်း ကိုယ့်ကလေးပဲ မျက်နှာငယ်မှာစိုးလို့ပါ” ဟု ဟိုပုံးမြို့နေ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် "ပညာရေးဌာနကနေပြီးတော့ မလုပ်ရဘူး၊ လုပ်ပိုင်ခွင့် မရှိပါဘူးဆိုပြီး တရားဝင်ညွန်ကြားထား ပြီးသားပါ။ တိုင်ကြားမှု ရှိလာရင်တော့ ဌာနရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ယခုကာလတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ အား ကျောင်းအပ်လက်ခံရမည့်အချိန် ဖြစ်သော်လည်း လက်ရှိ ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါဂယက်ကြောင့် ကျောင်းအပ်လက်ခံနိုင်ခြင်း မရှိသေးသလို အောင်စာရင်းများလည်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
.
လက်ရှိတွင် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြေခံပညာစာသင်ကျောင်းအချို့နှင့် ဘုန်းတော်ကြီးကျောင်းများ၊ တရားရိပ်သာများ စသည့်နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About