စုလှိုင်
.
ရှမ်းပြည်နယ်ရှိ အခြေခံပညာအဆင့် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ရန်အတွက် အဆင်သင့်
ဖြစ်နေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
.
“ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကတော့
ကျောင်းတွင်းစစ်များနဲ့ ၄ တန်း၊ ၈ တန်း စစ်ဆေးထားပြီးတော့ အောင်စာရင်း ထုတ်ပြန်ဖို့ရာ
အဆင်သင့် ရှိထားပြီးသားပါ။ တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်ချို့ ပြည်နယ်နဲ့
တိုင်းတွေက မစစ်ဆေးရသေးတဲ့ နေရာ နည်းနည်း ကျန်နေတာရှိပါတယ်။ သူတို့နဲ့
တစ်ပြိုင်နက်တည်း ထုတ် ရမှာမို့။ ရှမ်းပြည်နယ်အနေနဲ့ အားလုံး အဆင်သင့် လက်ထဲ
အောင်စာရင်းကို ကိုင်ထားပြီးသား ရှိပါတယ်။ ဘယ်နေ့ ထုတ်ပြန်ပါလို့ ပြောလိုက်တာနဲ့
ထုတ်ပြန်ဖို့ အဆင်သင့်ရှိပါတယ်။”ဟု ရှမ်းပြည်နယ်
ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အခြေခံပညာအဆင့် ကျောင်းတွင်းစစ် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်မည့်
ရက်ကို အတိအကျ မသိရသေးသော်လည်း လာမည့် ဇွန်လအတွင်း ထုတ်ပြန်နိုင်ဖွယ် ရှိကြောင်း ကျောင်းဆရာမများက
ပြောဆိုလျက် ရှိသည်။
.
ရှမ်းပြည်နယ်၌၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အထက်တန်းကျောင်း၂၇၂
ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်းကျောင်း ၂၈၁ ကျောင်း၊
အလယ်တန်းကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၇၉၃ ကျောင်း၊
မူလတန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၇၀၁ ကျောင်း၊ တွဲဘက် မူလတန်းကျောင်း ၁၂ ကျောင်း ရှိပြီး စုစုပေါင်း
၆၃၉၁ ကျောင်း ရှိကြောင်း သိရသည်။