မင်းဇော်မင်း
.
ရုရှားနိုင်ငံတွင်
ပညာတော်သင် သွားရောက်နေသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားများအနက် အရာရှိ ၂ ဦးတွင်
COVID-19 ပိုး ထပ်မံ တွေ့ရှိရပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ တပ်မတော်အရာရှိ ၅ ဦး
ရှိပြီ ဖြစ်ကြောင်း မေလ ၄ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြေညာထားသည်။
.
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ
Russian
University of Transport (MIIT/RUT) တက္ကသိုလ်၌ ပညာတော်သင် တက်ရောက်နေသည့်
မြန်မာ့တပ်မတော် သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute(MPEI)တက္ကသိုလ်၌ ပညာတော်သင် တက်ရောက်နေသည့် မြန်မာ့တပ်မတော် သင်တန်းသား ၁ ဦးတို့တွင်
COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ဧပြီ ၂၉ ရက်တွင် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုတွင် ၂ ဦး ထပ်မံ ကူးစက်ခံရကြောင်း ထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။
.
အဆိုပါ ရုရှားနိုင်ငံတွင်
COVID-19 ရောဂါပိုး ကူးစက်ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ ၅ ဦးသည့် ထူးခြားသည့်
ဖျားနာဝေဒနာ ခံစားရမှုမျိုး မရှိဘဲ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး မော်စကိုမြို့
အနီးရှိ လူနာများ သီးသန့်ထားရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု စင်တာ၌ ရုရှား ကျန်းမာရေး
ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့်
မြန်မာစစ်သံရုံးမှ လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.