တောင်ကြီးမြို့မှ COVID-19 လူနာအမှတ်(၁၂၁) ဆေးရုံ ဆင်းခွင့် ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မှ COVID-19 လူနာအမှတ်(၁၂၁) ဆေးရုံ ဆင်းခွင့် ရ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့ အတည်ပြု လူနာအမှတ် (၁၂၁)၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ် ဆက်တိုက် ပိုး မတွေ့ရတော့သဖြင့် ယနေ့ (မေလ ၁၆ ရက်)၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကာ Facilities Quarantine အဖြစ် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးတွင် နေထိုင်လျက် ရှိကြောင်း သိရသည်။
.
“ ဒီနေ့မနက် ၁၀ နာရီမှာ ဆေးရုံက ဆင်းသွားပါပြီ။ သူ့ကို ပြည်သူ့ကျန်းမာရေး ရုံးဝင်းထဲမှာ Quarantine ၇ ရက် ဆက်ထားတယ်။ ၇ ရက်ပြည့်ရင် Home Quarantine ၇ ရက် ဆက်ထားမယ်။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ထို့အတူ လူနာအမှတ် (၁၂၁)အား ဆက်သွယ် မေးမြန်းရာတွင် “ ကျန်းမာရေး အခြေအနေကတော့ ကောင်းနေတယ်ရှင့်။ ဆေးရုံက ဆင်းပါပြီ၊ ဒါပေမဲ့ Facilities Quarantine တော့ တစ်ပတ် နေရပါဦးမယ်ရှင့်။” ဟု ပြောဆိုခဲ့သည်။
,
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် (၁၂၁) သည် အင်္ဂလန်နိုင်ငံမှ ပြန်လာသော တောင်ကြီးမြို့နေ အမျိုးသမီး ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၂၁ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့လူနာအဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၇ ဦး ရှိပြီး ၎င်းတို့အနက် လူနာအမှတ် (၁၄)၊ (၂၉)နှင့် (၁၂၁)တို့ မှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ပြီး လူနာအမှတ် (၉၆)မှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ မကြာမီ ရက်ပိုင်းအတွင်း ဆေးရုံမှ ဆင်းခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats