နန်းဝင်းရီ
.
COVID-19 Pandemic ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၂၀ ခုနှင့် အေးသာယာမြို့ရှိ ရပ်ကွက် ၁၂ ခုတို့မှ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၇၆၄၂ စုကို စားနပ်ရိက္ခာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ထောက်ပံ့မှုကို မေလ ၂၁ ရက်က စိန်ပန်းနှင့် ရွှေတောင်ရပ်ကွက်များတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မေလ ၂၁ ရက်မှ ၂၈ ရက်အတွင်း တောင်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် အေးသာယာမြို့တို့တွင် ဆက်လက် ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရာသီဥတု ကောင်းမွန်ရင်တော့ တောင်ကြီးမြို့ပေါ် ရပ်ကွက်အားလုံးနဲ့ အေးသာယာကို ၆ ရက်အတွင်း အပြီး ဖြန့်ဝေ သွားမှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းက ပြောသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် မိသားစုဝင် ၄ ဦးနှင့် အောက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၁ ခုနှုန်းဖြင့် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ်သား၊ ကော်ဖီ တစ်ထုပ်စီနှင့် မိသားစုဝင် ၅ ဦးနှင့် အထက်ရှိ အိမ်ထောင်စု တစ်စုလျှင် ခွဲတမ်း ၂ ခု နှုန်းဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
"အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ Mask၊ PPE ဝတ်စုံတွေကို ဒေသစုံ တောက်လျှောက် ဖြန့်ဝေပေးတယ်။ ရှမ်းပြည်နယ် အပြင် တခြားတိုင်းနဲ့ပြည်နယ် ၇ ခုကိုလည်း အကာအကွယ်ပစ္စည်းတွေ ပေးပို့ လှူဒါန်းထားပါတယ်။ စားနပ်ရိက္ခာက ပထမဆုံးအနေနဲ့ ဖြန့်ဝေတာခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေကိုလည်း ဖြန့်ဝေသွားမှာဖြစ်ပါတယ်"ဟု ဦးသူရစောသိန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေနှင့် စစ်ရှောင် စခန်းများရှိ တိုင်းရင်းသား ပြည်သူများ၊ COVID-19 အတည်ပြုလူနာများ၊ စောင့်ကြည့်လူနာများအား ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး စစ်ရှောင်စခန်းများရှိ တိုင်းရင်းသား ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းစီ ထပ်မံထည့်သွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

Home
တောင်ကြီး
ရှမ်းတောင်သတင်းများ
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးနှင့် အေးသာယာမြို့ရှိ အိမ်ထောင်စု ပေါင်း ၇၀၀၀ ကျော်ကို စားနပ်ရိက္ခာများ ဖြန့်ဝေပေးသွားမည်
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးနှင့် အေးသာယာမြို့ရှိ အိမ်ထောင်စု ပေါင်း ၇၀၀၀ ကျော်ကို စားနပ်ရိက္ခာများ ဖြန့်ဝေပေးသွားမည်
Tags
# တောင်ကြီး
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
တောင်ကြီး,
ရှမ်းတောင်သတင်းများ