COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ လူနာ ၅ ဦး ပြန်လည်သက်သာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ လူနာ ၅ ဦး ပြန်လည်သက်သာ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်းနှင့် လူနာ ၅ ဦးမှာ ပြန်လည် သက်သာလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၈ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာနနှင့် အမှတ်(၂) တပ်မတော်ဆေးရုံ (နေပြည်တော်)တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၁၉ ခုတွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်ကြောင်းနှင့် ယခင် အတည်ပြု လူနာများအနက် ၅ ဦး၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် ပိုး မတွေ့ရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် ပိုး မတွေ့ရှိတော့သည့် လူနာများမှာ လူနာအမှတ် (၄၅)၊ (၇၄)၊ (၈၁)၊ (၁၀၈)နှင့် (၁၂၆)တို့ ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၇၆ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၆၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats