COVID-19 အတည်ပြုလူနာ တစ်ဦးထပ်တိုးကာ ၁၆၂ ဦး အထိ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ တစ်ဦးထပ်တိုးကာ ၁၆၂ ဦး အထိ ရှိလာ

ကမ္ဘောဇတိုင်း

.

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ မေလ ၇ ရက်၊ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ တစ်ဦး ထပ်တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၆၂ ဦးအထိ ရှိလာနေပြီဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

.

.

အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာနမှ မေလ ၆ ရက်၊ ညပိုင်းက ဒုတိယအသုတ်အဖြစ် ဓါတ်ခွဲစစ်ဆေးခဲ့သည့် ဓါတ်ခွဲ နမူနာ ၈၄ ခုအနက် တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့လူနာ အမှတ် (၁၆၂) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသော်လည်း လူနာအမှတ် (၁၅၁)၊ (၁၅၂)၊ (၁၅၃)၊ (၁၅၄) တို့နှင့် ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသူဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ မေလ ၇ ရက်၊ နံနက် ၇ နာရီအချိန်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၆၂ ဦး ရှိလာပြီးဖြစ်ပြီး ၎င်းတို့အနက် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၅၀ ဦး ရှိလာကာ သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။

.

မေလ ၆ ရက်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲနမူနာ ၁၇၈ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၇၂ ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ နေပြည်တော်မှ ဓာတ်ခွဲနမူနာ ၅၆ ခု၊ စုစုပေါင်း ၄၀၆ ခုတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats